Chapter 354

1.3K 148 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၈ )

Chapter-7

လန်ဖုန်း၏လက်သီးသိုင်းက မည်မျှပင် အစွမ်းထက်နေစေကာမူ အဆုံးအစမဲ့သော ပန်းပွင့်ပျံများကို မည်သည့်အတွက် တားဆီးပိတ်ဆို့နိုင်မည်နည်း။

လန်ဖန်းက ခန့်မှန်းထားခဲ့ခြင်း မရှိသော်လည်း ပွင့်ဖတ်များ အစုအဝေးတစ်ခုက သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှ လမ်းကြောင်းအတိုင်း စီးဆင်းလာခဲ့ပြီး သူ၏ခုခံမှုအဝိုင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

"ပွင့်ဖတ်တစ်ထောင် စီးဆင်းခြင်း… ပေါက်ကွဲထွက်စမ်း….."

ယီယွမ်က အသံတိုးတိုးဖြင့် အော်ပြောလိုက်၏။ နေရာတိုင်းတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်ကို ကြားနေခဲ့ရသည်။ မရေမတွက်နိုင်အောင် များပြားသော ပေါက်ကွဲမှုအသေးစား အသံများက လန်ဖုန်း၏ ခုခံမှုအကာအကွယ်အတွင်း ဝင်ရောက်လာခဲ့၏။

ပန်းပွင့်ဖတ်ပေါက်ကွဲမှု တစ်ခုစီက အလွန်သန်မာခြင်း မရှိသည်မှာ သိသာလှပေသည်။ သို့သော် ပေါက်ကွဲမှုပေါင်း ထောင်သောင်းချီ၍ ရှိလာခဲ့သောအခါ ထိုအရာက ဟာသတစ်ခုမဟုတ်တော့ပေ။

လန်ဖုန်း၏ခန္ဓာကိုယ်က အဝေးသို့ လွင့်ထွက်သွားခဲ့ပြီး

အရက်မူးနေသောလူ ကခုန်နေသလိုမျိုး မရပ်မနားတုန်ယင်နေခဲ့၏။

ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်တစ်ယောက်၏ သဘာဝစွမ်းအင် အကာအကွယ်က အလွန့်အလွန်

အစွမ်းထက်ပေသည်။ အထူးသဖြင့် လန်ဖုန်းကဲ့သို့ အနီးကပ်တိုက်ခိုက်သူ သိုင်းပညာရှင်တစ်ယောက်၏ သဘာဝစွမ်းအင် အကာအကွယ်က အလွန်တရာ အစွမ်းထက်၏။

သို့သော် အကာအကွယ်က မည်မျှပင် အစွမ်းထက်စေကာမူ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသည့် ဤပွင့်ဖတ်မိုးကို တားဆီးနိုင်စွမ်းမရှိတော့ပေ။

ယီယွမ်က ပန်းပွင့်ဖတ်များကို ပို၍ပို၍ လှုပ်ရှားစေပြီး လန်ဖုန်းဆီသို့ ပျံသန်းသွားစေခဲ့သည်။ နောက်ဆုံးတွင် လန်ဖုန်းက ပွင့်ဖတ်များကြားတွင် နစ်မြုပ်သွားခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now