Chapter 356

1.3K 149 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၈ )

Chapter-9

"မင်းက သူတို့ကို ရှာမတွေ့ခဲ့ဘူးလား….."

လန်ဖုန်း၏ အမူအရာကိုမြင်သော် ယီယွမ်က စိတ်ပူသွားသည့် ခံစားချက်တစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။

"ဒါက… သခင်သူ့ကို မေးမြန်းတာက ပိုကောင်းလိမ့်မယ်….."

သူက ထိုသို့ပြောလိုက်ရာတွင် ယီယွမ်၏ ရှေ့တွင် လူတစ်ယောက် ပေါ်ပေါက်လာခဲ့၏။

ဖန်းဝမ်နန်မှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။

လက်ရှိအချိန်တွင် သူ၏ခန္ဓာကိုယ်က ဒဏ်ရာများ ပြည့်နှက်နေခဲ့သည်။ သူ၏မျက်နှာက ဖူးရောင်နေခဲ့ပြီဖြစ်၏။ ဤရက်အနည်းအတွင်း သူ၏အခြေအနေက အလွန်အမင်း သာယာခြင်းမရှိခဲ့သည်မှာ သိသာလှပေသည်။

ဖန်းဝမ်နန်က ယီယွမ်ကို မြင်လိုက်သောအချိန်တွင် ခံစားချက်မျိုးစုံ ခံစားလိုက်ရပြီး မျက်ရည်များစီးကျလာခဲ့၏။

သို့သော် သူတို့အတွက် အလွမ်းသယ်နေရန် အချိန်အများကြီး

မရှိတော့ပေ။ ယီယွမ်က ပြောလိုက်သည်။ "စီနီယာအစ်ကိုဖန်း… ပြောစရာရှိတာတွေ နောက်မှပြောပါတော့… လန်ပေက လန်မိသားစုမျိုးနွယ်ဆီ ပြန်လာနေပြီ… ကျွန်တော်တို့မှာ အချိန်အများကြီး မရှိတော့ဘူး… အကြီးအကဲမိန်နဲ့ အခြားလူတွေက ဘယ်သွားကြတာလဲ….."

ဖန်းဝမ်နန်က ထိတ်လန့်သွားခဲ့ပြီး ကပျာကယာ ပြောဆိုခဲ့၏။ "အကြီးအကဲမိန်နဲ့ အခြားသူတွေကို ဗဟိုမြို့တော်ဆီ ခေါ်ဆောင်သွားကြပြီ… လန်မိသားစုမျိုးနွယ်တွေ ပြောကြတာကတော့ သူတို့တွေကို ကျေးကျွန်တွေအဖြစ် ရောင်းချလိုက်တာတဲ့… ငါကလက်မောင်းတစ်ဖက် ပြတ်နေခဲ့လို့ သူတို့က အသုံးမဝင်ဘူးလို့ သတ်မှတ်ထားခဲ့ကြတယ်… ဒါကြောင့်ပဲ သူတို့က ငါ့ကို မျိုးနွယ်စုဆီမှာ ချန်ထားရစ်ခဲ့တာပဲ… အို ဟုတ်သားပဲ… သူတို့ကို အဲဒီနေရာဆီ လိုက်ပို့တဲ့သူက လန်မိသားစုမျိုးနွယ်ရဲ့ ခေါင်းဆောင်ကြီးပါ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now