Chapter 361

1.3K 152 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၈ )

Chapter-14

"အစစ်အမှန်အသိဟုတ်လား… မင်းက အစစ်အမှန်အသိကို နားလည်သွားခဲ့တယ်လို့ ပြောလိုက်တာလား….." လန်ပေ၏အကြည့်က ထက်ရှသွားခဲ့ပြီး မယုံကြည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်သည်။

"ဘာလဲ… မင်းက အဲဒါကို မယုံကြည်ဘူးလား… မင်းက လာပြီးစမ်းကြည့်နိုင်တယ်….." ယီယွမ်က ပြုံးဖြဲဖြဲလုပ်၍ ပြောခဲ့၏။

လန်ပေ၏မျက်လုံးများက အရောင်ပြောင်းသွားခဲ့သည်။ အစစ်အမှန်အသိက မည်သည့်အရာကို ဆိုလိုသည်အား သူကောင်းစွာသိရှိပေ၏။

အစစ်အမှန်အသိကို နားလည်ရန်ခက်ခဲမှုကိုလည်း သူကသေချာသိထားခဲ့သည်။

နေ့တစ်ဝက်အချိန်အတွင်း ယီယွမ်က အစစ်အမှန်အသိတစ်ခုကို အမှန်တကယ် နားလည်သွားခဲ့၏။ ဤအရာက သူ့အတွက် အလွန့်အလွန် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။

သူက ယီယွမ်၏နောက်သို့ ခုနှစ်ရက်ကြာလိုက်လာခဲ့ပြီး အဆုံးသတ်တွင် ဤသို့သော ရလဒ်တစ်ခုက ထွက်ပ်ါလာခဲ့၏။ ဤအရာကို လက်ခံရန် သူက အဆင်သင့်မဖြစ်သေးပေ။

သို့ဖြစ်၍ သူကထိုအရာကို မယုံကြည်ရန် ရွေးချယ်လိုက်သည်။

"ဟမ့်… ဒါဆိုရင်လည်း ငါကမင်းကို တိုက်ခိုက်ကြည့်ရမှာပေါ့… ငါ့ရဲ့တိုက်ခိုက်မှုကို ကံကောင်းထောက်မပြီး တစ်ခါလောက် ရှောင်တိမ်းနိုင်တာနဲ့ ငါ့ကိုကြောက်ရွံ့သွားစေမယ်လို့ ထင်နေတာလား… အစစ်အမှန်အသိ ဟုတ်လား… ဟီးဟီး… အစစ်အမှန်အသိက နားလည်ဖို့ ဒီလောက်လွယ်ကူတာလား….." လန်ပေက အေးစက်စွာဖြင့် လှောင်ပြောင်ခဲ့၏။

စကားအဆုံးတွင် နောက်ထပ်
လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။

လက်သီးချက်ကို သူကပထမဆုံး ထုတ်ဖော်လိုက်သည့် အချိန်အတွင်း ယီယွမ်၏ ခန္ဓာကိုယ်က စက္ကူစတစ်ခုကဲ့သို့ လွင့်မျောသွားခဲ့၏။ လက်သီးချက်က လေဟာနယ်ကိုသာ ထိုးမိသွားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now