Chapter 365

1.2K 146 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၉ )

Chapter-4

(မင်းသေသွားခဲ့ရင်တောင် မင်းကသူနဲ့ အတူရှိနိုင်မှာမဟုတ်ဘူး)

"အကြီးအကဲကျူးရှန်… သခင်လေးဂျိက ကျွန်တော်,လီဟုန်ရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ… သူ့ကိုခင်ဗျားက
ခေါ်ဆောင်သွားမှာကို
ကျွန်တော်က ခွင့်မပြုနိုင်ပါဘူး….." လီဟုန်က ခိုင်မာစွာဖြင့် ပြောဆိုလိုက်သည်။

လီဟုန်ထံမှ  ထိုစကားများ ထွက်လာချိန်တွင် လီယန်နှင့် အခြားသူများကလည်း သူမတို့၏ခြေများကို နှေးကွေးစွာဖြင့် ရွှေ့လိုက်ကြပြီး ယီယွမ်၏ရှေ့၌ ကာကွယ်တားဆီးထားခဲ့၏။

ဤမြင်ကွင်းကိုမြင်သော် ယီယွမ်က အတော်ကလေး အံ့အားသင့်သွားခဲ့သည်။

မူလက လီဟုန်နှင့် အခြားသူများကို သူကကယ်ဆယ်ခဲ့ခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်၏။ လီဟုန်က သူ့အား တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အသုံးပြုနိုင်ရန် ဤနေရာသို့ ခေါ်ဆောင်လာခဲ့ပေသည်။ ထိုအရာက နှစ်ဦးနှစ်ဖက်စလုံးအတွက် မျှတသောအခြေအနေတစ်ခု ဖြစ်သည်ဟူ၍ သတ်မှတ်နိုင်၏။

ယီယွမ်နှင့် တိမ်တိုက်မြူးထူးခြင်း မျိုးနွယ်စုက လုံးဝပင် ဆက်နွယ်မှုမရှိပေ။ သူတို့၏ အတွင်းရေးကိစ္စများတွင် ယီယွမ်က ပါဝင်ရန်အတွက် စိတိကူးမရှိခဲ့ပေ။ ထို့ပြင် သူကအလျင်လိုနေခဲ့၍ ဤကိစ္စများ၌ ပါဝင်ပတ်သက်ရန် မည်သည့်အတွက် အစီအစဉ်ရှိရမည်နည်း။

မူလက ဤကျူးရှန်ကို တိမ်တိုက်မြူးထူးခြင်း မျိုးနွယ်စုမှ မထွက်ခွာမီ သင်ခန်းစာတစ်ခု ပေးအပ်ခဲ့မည်ဟု စီစဉ်ထားခဲ့သည်။ သို့သော် ဤလီဟုန်က ထိုမျှအထိ သစ္စာရှိမည်ဟု သူလုံးဝထင်မှတ်မထားခဲ့ပေ။

ဤသို့ဆိုပါက
ထိုကိစ္စအတွင်းသို့ သူက ပါဝင်ပတ်သက်မည်ဆိုလျှင် အန္တရာယ်လုံးဝမရှိနိုင်ပေ။ 

လီဟုန်၏ အပြုအမူများကို မြင်သော် ကျူးရှန်က ဒေါသထွက်သွားခဲ့ခြင်း မရှိသော်လည်း ဝမ်းသာသွားခဲ့၏။ သို့သော် သူ၏မျက်နှာတွင် ဒေါသဖြစ်သွားသည့် အကြည့်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ပြောလိုက်သည်။ "လီဟုန်… ဒီကိစ္စက  မင်းတို့တော်လှန်ဖို့အတွက်
မင်းရဲ့နှလုံးသားထဲက ဆန္ဒတွေကို ခိုင်မာအောင်
လုပ်လိုက်တာလား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now