Chapter 366

1.2K 142 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၉ )

Chapter-5

(မျက်လုံးတွေအားလုံး ကန်းနေကြတယ်)

တုန်လှုပ်သွားကြသူများမှာ လီဟုန်တစ်ယောက်တည်း မဟုတ်ပေ။ ဤနေရာရှိ

လူအားလုံးနီးပါးက ယီယွမ်မည်သို့ လှုပ်ရှားလိုက်သည်ကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။

ယီယွမ်က လီဟုန်နှင့် အလွန်ကွာဝေးသော နေရာတွင် ရှိနေခဲ့သည်မှာ သိသာလှပေ၏။ သို့သော် မျက်စိတစ်မှိတ်အချိန်အတွင်း သူကလီဟုန်၏ဘေးသို့ ရောက်လာခဲ့သည်။

သူ၏လှုပ်ရှားမှုက အမှန်တကယ်ပင် လီဟုန်က သူ့ကိုယ်သူ ရိုက်နှက်လိုက်သည်ထက် ပို၍မြန်ဆန်နေခဲ့၏။

ထိုအချိန်မှသာ ဤရက်အနည်းငယ်အတွင်း သူကသခင်လေးဂျိကို အထင်သေးနေခဲ့ခြင်း ဖြစ်ကြောင်း လီဟုန်က သိရှိသွားခဲ့သည်။ အကယ်၍ ယီယွမ်ကသာ သူ့ကိုသတ်ချင်ခဲ့လျှင် သူကယခုအချိန်၌ လူသေတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

သို့သော် ယီယွမ်၏စကားများက လီဟုန်ကို အလွန်စိတ်ရှုပ်သွားစေခဲ့၏။

"သခင်လေးဂျိ… သခင်လေးရဲ့ စကားတွေက ဘာအဓိပ္ပါယ်လဲ….." လီဟုန်က ပဟေဠိဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။

ယီယွမ်၏စကားများက အလွန်စိတ်ရှုပ်စရာ ကောင်းသည့်အပြင် ဆက်စပ်မှုနှင့် အကြောင်းတိုက်ဆိုင်မှုတို့ပါ မရှိခဲ့ပေရာ လူအများက နားလည်ရန် အလွန်ခက်ခဲနေခဲ့၏။

ယီယွမ်က ပြုံး၍ ပြောလိုက်သည်။ "မင်းသေသွားမယ် ဒါပေမဲ့ သူက အသက်ရှင်နေသေးတယ်… မင်းကဘယ်လိုလုပ် သူနဲ့အတူရှိနိုင်တော့မှာလဲ… အဲဒီအချိန်ကျရင် မင်းက အသက်ဆုံးရှုံးရမှာတင် မဟုတ်ဘူး… ဒါပေမဲ့ မင်းရဲ့ညီအစ်ကိုကတော့ အသက်ရှင်ရတာ အပြစ်ရှိသလို ခံစားသွားရလိမ့်မယ်… အဲဒီလိုလုပ်ဖို့ ဘာလို့လိုအပ်မှာလဲ….."

လီဟုန်က ယီယွမ်၏စကားများကို ကြားသော် အလွန်အမင်း

ဝမ်းသာသွားခဲ့သော်လည်း ချက်ချင်းပင် ခါးခါးသီးသီး ပြုံးလိုက်ပြီး ပြောဆိုခဲ့၏။ "သခင်လေးဂျိရဲ့ နှစ်သိမ့်စကားကို ကျေးဇူးအများကြီး တင်ပါတယ်… ဒါပေမဲ့ လီယန်က တကယ်ပဲ သေဆုံးသွားခဲ့ပါပြီ… ဒီမှာ လူတွေအများကြီး ရှိပါတယ်… သူတို့အားလုံးက မှားယွင်းစမ်းသပ်တာတော့ မဟုတ်နိုင်ဘူးမလား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now