Chapter 367

1.2K 150 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၉ )

Chapter-6

(သူတို့အားလုံးကို ဆိုးရွားသော စိတ်အခြေအနေသို့ ရောက်ရှိစေမယ်)

"ဘယ်လိုလဲ… ဘယ်လိုဖြစ်သွားတာလဲ… သခင်လေးက ပြန်နိုးထလာခဲ့ပြီလား….."

"မဟုတ်ဘူး… ငါကသူ့ရဲ့ စွမ်းအားကို အာရုံခံလို့မရခဲ့ဘူး… ဒီကောင်လေးက အဲဒီလိုမျိုး အပြုအမူတွေ ပြုလုပ်ခဲ့တာက ငါတို့ကို လှည့်စားနေတာတော့ မဟုတ်လောက်ပါဘူးနော်….."

"ဟူး… သခင်လေးက လူကောင်းတစ်ယောက်ပါ… သူ့ရဲ့ကျင့်ကြံခြင်းကလည်း အစွမ်းထက်တယ်… သူက နောက်မျိုးဆက် ခေါင်းဆောင်ကြီးအဖြစ် အငြင်းပွားဖွယ်မရှိတဲ့ ရွေးချယ်မှုပဲ… အဲဒါက မဖြစ်နိုင်ဘူးဆိုတာ ငါသိပေမဲ့ ဒီကောင်လေးက သခင်လေးရဲ့အသက်ကို ပြန်လည်ယူဆောင်လာမယ်လို့ မျှော်လင့်နေခဲ့သေးတယ်… ကြည့်ရတာ….."

"ဟုတ်တယ်… ကောင်းကင်ဘုံက အရည်အချင်းရှိသူတွေကို တကယ်ပဲ မနာလိုဖြစ်တာကိုး… သခင်လေးလို ကောင်းကင်ဘုံက မျက်နှာသာပေးထားတဲ့

သူလည်း တကယ်ပဲ

ငယ်ရွယ်စဉ်ကတည်းက သေဆုံးခဲ့ရပြီ….."

မျိုးနွယ်စုမှ လူအားလုံးက ပြင်းပြင်းထန်ထန် ဆွေးနွေးနေခဲ့ကြ၏။ သို့သော် လူအများစုက သူတို့၏အတွေးများ မှားယွင်းနေပြီး ယီယွမ်က လီယန်ကို အသက်ရှင်သန်စေရန် လုပ်ဆောင်နိုင်မည်ဟု အမှန်တကယ် မျှော်လင့်နေခဲ့ကြသည်။

သူတို့၏ အမူအရာများနှင့် စကားသံများအရ တိမ်တိုက်မြူးထူခြင်း မျိုးနွယ်စုတွင် လီယန်၏လူအများနှင့် ဆက်ဆံရေးက အမှန်တကယ်ပင် အလွန်ကောင်းမွန်ကြောင်း လူတိုင်းသိရှိနိုင်ပေ၏။

လီယန်၏ ခန္ဓာကိုယ်မှ အသက်ဓာတ်စွမ်းအင် အခြေအနေကို ကြည့်လိုက်သောအခါ ယီယွမ်က အမှန်တကယ်ပင် လူတိုင်းကို လှည့်စားနေခဲ့ပုံ ရသည်။

စောစောလေးက ယီယွမ်နှင့် လောင်းကြေးထပ်ရန် ပြင်ဆင်နေသော အဖိုးကြီးမှာ မာစတာတာအိုယွမ်ဖြစ်ပေ၏။ သူကလည်း စောစောလေးတွင် တိတ်တဆိတ် ချွေးထွက်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ယီယွမ်၏ အပြုအမူက အလွန်စစ်မှန်နေခဲ့ရာ ဤသို့ဖြင့် ထိုအရာက မာစတာတစ်ယောက်ကိုပင် ထိတ်လန့်သွားစေခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now