Chapter 369

1.3K 148 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၉ )

Chapter-8

(သူ၏ကိုယ်ပိုင် အကြွေပြားဖြင့် ပြန်ကစားပေးခြင်း)

ကျူးယွင်၏ အိမ်တော်အတွင်းမှ လျှို့ဝှက်အခန်းထဲတွင် ဒုတိယခေါင်းဆောင် ကျူးယွင်၏ မျက်ခုံးများက ထိစပ်လုမတတ် တွန့်ကွေးနေခဲ့ပြီး အလွန်သုန်မှုန်နေခဲ့သည်။

"အို... တာအိုယွမ်… ဒီကောင်လေးက ဘယ်ကနေ ရောက်လာခဲ့တာလဲ… သူကဘယ်လိုလုပ်ပြီးတော့ အဲဒီလိုစွမ်းရည်မျိုး ရှိနေတာလဲ… အဲဒီလီယန်က သေဆုံးသွားခဲ့ပြီလေ… သူကပြန်ပြီး အသက်ရှင်လာဖို့ဆိုတာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ….." ကျူးယွင်က မေးမြန်းလိုက်၏။

မာစတာတာအိုယွမ်ကလည်း မျက်မှောင်ကုတ်နေခဲ့ပြီး စိတ်ပျက်နေခဲ့ဟန် ပေါ်ပါက်နေခဲ့သည်။ "အဲဒီကောင်လေးရဲ့ လက်ချောင်းပညာရပ်က မယုံနိုင်စရာကောင်းအောင် သိမ်မွေ့နက်နဲတယ်… အဲဒါက တကယ်ကို တော်တော်လေး ထူးဆန်းနေတယ်… ဒါပေမဲ့ သူက လီယန်ရဲ့ ခန္ဓာကိုယ်ကနေ ပိတ်ဆို့နေတဲ့ အကြောတွေကိုပဲ ဖွင့်နိုင်ခဲ့လို့ အချိန်တစ်ခုအထိပဲ အသက်ရှင်သန်နိုင်လိမ့်မယ်… စိတ်အာရုံဆုံးရှုံးခြင်းအမှုန့်က ကုသလို့မရဘူး… လီယန်က အများဆုံးမှ နောက်ထပ်နှစ်ရက်ပဲ အသက်ရှင်သန်နိုင်လိမ့်မယ်… သူကသေကို သေမှာပါ….."

ကျူးယွင်၏ မျက်ခုံးများက မြင့်တက်သွားခဲ့၏။ "တာအိုယွမ်… မင်းပြောတာ အမှန်လား….."

"တကယ်အမှန်ပဲ… စိတ်အာရုံဆုံးရှုံးခြင်းအမှုန့်က အရောင်လည်းမရှိ၊ အရသာလည်းမရှိဘူး… သိုင်းပညာရှင်တစ်ယောက်ရဲ့ အာရုံကြောတွေကို တုံ့ဆိုင်းသွားစေတဲ့ အဆိပ်တစ်မျိုးပဲ… အဲဒီအဆိပ်ကို ကုသလို့မရဘူး… ငါက လီဟုန်နဲ့ အခြားသူတွေကို ပြင်းထန်သောပုံရိပ်ယောင် သွေးဂျင်ဆင်း သွားရှာဖို့ စေလွှတ်လိုက်တာက မင်းအပေါ် ရှိနေတဲ့ သံသယအချို့ကို အစားထိုးကူညီပြီး ကြားဝင်အပြစ်ခံပေးဖို့ အကြောင်းရှာလိုက်တာပဲ… တကယ်ကတော့ ဘယ်လိုလုပ်ပြီး ဖြေဆေးရှိမှာလဲ….." တာအိုယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now