Chapter 372

1.3K 141 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၉ )

Chapter-11

(ကြွယ်ဝမှုကိုထုတ်ဖော်မပြနဲ့)

"ဒါဆိုရင်တော့ လေ့လာသင်ယူစရာတွေ အများကြီးရှိသေးတာပဲ….." ယီယွမ်က အရာများကို လေ့လာသင်ယူနေသလို မျက်နှာတစ်ခု ပေါ်နေခဲ့သည်။

"ဟားဟား… လူငယ်လေး… မင်းကအခုမှ လောကကြီးထဲကို ဝင်ရောက်လာခဲ့တာလေ… မင်းရဲ့ခွန်အားက ကောင်းမွန်သင့်သလောက် ကောင်းမွန်တယ်ဆိုပေမဲ့ လေ့လာစရာတွေ အများကြီးရှိသေးတယ်… ဒီလိုမှမဟုတ်ဘူးဆိုရင် မင်းက အခြားသူတွေရဲ့ အလွယ်တကူရရှိနိုင်တဲ့ ငွေတွင်းကြီးတစ်ခု ဖြစ်သွားလိမ့်မယ်….." လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

ယီယွမ်ကပြုံးလိုက်ပြီး လက်ခံခဲ့သည်။ သူက ထိုစကားကို အငြင်းပွားသင့်သည်ဟု မထင်ခဲ့ပေ။ သူက အလိုရှိနေသော သတင်းအားလုံးအပြင် မြို့တော်၏ ဂိုဏ်းကွဲမှု အခြေအနေကိုလည်း ကြိုတင်သိရှိခဲ့ရ၏။

ထိုသို့ဆိုလျှင် ပထမတန်းစား
မိသားစုများက မြို့တော်တွင် အဆင့်အမြင့်ဆုံး
အဓိကအင်အားစုများ ဖြစ်ကြပေမည်။ ရှောင်မိသားစုကဲ့သို့ မိသားစုများမှာ အဆင့်တစ်ဆင့် ပိုမိုနိမ့်ကျပေသည်။

ကြင်ယာတော်ရှာဖွေခြင်း သိုင်းပြိုင်ပွဲကိုမူ ယီယွမ်က ပါဝင်ယှဉ်ပြိုင်ရန် အစီအစဉ်မရှိပေ။ သူလုံးဝမသိသော အမျိုးသမီးတစ်ယောက်ကို လက်ထပ်ယူရန် ဆန္ဒမရှိပေ။

အကယ်၍ သူသွားရောက်မည်ဆိုလျှင် သူကပထမနေရာကို သေချာပေါက်ရရှိပေမည်။

ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးရှိ
အသက်၃၀နှစ်အောက် သိုင်းပညာရှင်များမှာ အလွန်ဆုံးမှ အဆင့်(1) ပင်လယ်အသွင်
ပြောင်းလဲခြင်းနယ်ပယ်သာ ဖြစ်ကြ၏။ ယီယွမ်၏ လက်ရှိခွန်အားဖြင့် အဆင့်(1) ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို အနိုင်ယူရန် လိုအပ်သည်ထက် ပိုလျှံနေခဲ့ပြီဖြစ်သည်။

စားသောက်ဆိုင်မှ
ထွက်လာပြီးနောက် ယီယွမ်က လေထုမြင့်တက်ခြင်းမြို့၌ ဆက်လက်နေထိုင်ရန် အစီအစဉ်မရှိတော့ဘဲ မြို့တော်ဆီသို့ သွားရောက်ရန် မြို့ပြင်သို့ ချက်ချင်း ဦးတည်လိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now