Ep-05

1.1K 46 2
                                    

!Unicode!

"Hello....ကိုကို....သဲတို့ဆေးရုံရှေ့မှာ"

"....."

"အိုခေ ကိုကို...တမင်အစောလာတာ"

"....."

"ဟုတ်​ ကိုကို"

"ဘာတဲ့ လဲ"

ဖုန်းချပြီး​ ဇိမ်းဘက်လှည့်ကာ

"ကိုကိုကဂျူတီထွက်ဖို့ နာရီဝက်လိုသေးတယ်တဲ့​ အထဲမှာလာစောင့်နေတဲ့"

"ဒါဆိုလဲအထဲထိသွားတာပေါ့"

ကားပါကင်ထိုးပြီး​ ဆေးရုံထဲဝင်လာရင်း

"​အမလေး.... နေကလဲပူလိုက်တာဟယ်"

"​နေပူထဲထွက်လာပြီး ပူမှာပေါ့ဟ"

လမ်းလျှောက်လာရင်း ကောင်တာရောက်တော့

"အစ်မ​ နှလုံးအထူးကုဆောင်ကဘယ်ဘက်လဲ"

"​ညာဘက်တန်းတန်းသွား ပြီးရင်ဘယ်ဘက်ပြန်ချိုးပြီးတန်းတန်းသွား​ ကျောက်ကပ်ဆောင်ကျော်ရင်​ ရောက်ပြီညီမ"

"ဟုတ်​ ကျေးဇူး"

ကောင်တာက nurse မလေးပြောတဲ့အတိုင်းလျှောက်သွားရင်း နှလုံးဆောင်ဘက်ရောက်တော ကောင်တာနားမှာလက်မှတ်ထိုးနေတဲ့ ချစ်ရတဲ့ကိုကို

"​ကိုကို"

အပြေးသွားဖက်ရင်း ချွဲနေတဲ့နှိုင်းကို ခေါင်းလေးသပ်ပေးရင်း

"​ကိုကိုကလွမ်းနေတာသိရဲ့လား"

" ဟွန်း...ခုမှ...အဆောင်တော့တစ်ရက်မှမလာဘဲနဲ့များ"

"အဟမ်း..."

လူနာတွေ nurse တွေရှေ့ မဆောင်ဘဲ အကဲပိုနေတဲ့ ရှေ့ကအတွဲကို အမြင်ကပ်ကပ်နဲ့ ချောင်းဟန့်ပြီး

"ဒီနားမှာလူတွေရှိတယ်ဆိုတာလဲသတိထားဦး"

"သဲ​ ဒီမှာခဏထိုင်နေဦး ကိုကို​လက်မှတ်ထိုးပြီး​လူနာတွေကိုစစ်လိုက်ဦးမယ်နော်"

"​ဟုတ်ကိုကို"

"​အဟမ်း"

ဘေးနားလာထိုင်တဲ့နှိုင်းကို ချောင်းဟန့်ပြီး

"ဘာလဲ...အစောသွားမယ်ဆိုတာ ဒီလာပြီး​ ဒီဆရာဝန်ကကျွန်မအပိုင်ပါဆိုပြီး ပိုင်ဆိုင်ကြောင်းလာပြတာလား"

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now