အခန်း ၇၁

4.4K 446 5
                                    

ဝက်ဝက်ကွဲလူကြိုက်များပြီး တန်ဖိုးအနှစ်သာရရှိသော သရုပ်ဆောင်ချက်

မင်းသားတစ်လက်ထဲနှင့်တင် ညို့ယူဖမ်းစားသောသရုပ်ဆောင်ချက်က သူ့ဘေးကမင်းသားအတွက် အလွန့်အလွန်ကြီးမားသောဖိအားကိုရစေသည်။

အကယ်၍ တွဲဖက်မင်းသားက လိုက်လျောညီထွေစွာ သရုပ်ဆက်မဆောင်နိုင်လျှင် ခေါင်းဆောင်မင်းသားက ဘယ်လောက်ပဲတော်နေပါစေ အခြားလူတွေအတွက် ကြည့်ရတာ အဆင်မပြေနိုင်ပေ။

လင်ရှီးရီ ဒီကိုရောက်နေရတာကလည်း ချောင်အန်းဟောင် သူမရဲ့ဇာတ်ဝင်ခန်းနဲ့ လိုက်လျောညီထွေအောင် သရုပ်ဆောင်နိုင်မလားကို ကြည့်ဖို့ပင်။

အခုလုက သရုပ်ဆောင်ချက်အကောင်းဆုံးဖြင့် ပွဲထွက်ခဲ့သည်။

သူမဟာ ချောင့်ရဲ့ ကံဆိုးခြင်းကို မနာလိုဝန်တိုစိတ်ဖြင့် နှစ်ထောင်းအားရရန် စောင့်ဆိုင်းနေသည်။

တကယ့်ဇာတ်ညွှန်းကောင်းကောင်းကိုမှာ သရုပ်ဆောင်ချက်ကောင်းကောင်းဖြင့် လုပ်နိုင်နိုင်ဖို့ဆိုတာ ချောင့်က တက်သစ်စမင်းသမီးဖြစ်သည့်အတွက် အတွေ့အကြုံနုသေးတာကြောင့် သေချာပေါက် ​ကောင်းကောင်းလုပ်နိုင်မည်မဟုတ်ဟု ယူဆထားသည်။

ချောင် အရမ်းအရှက်ရသွားလိမ့်မည်ဟု တွေးခဲ့ပြီး တစ်ချိန်လုံးငြိမ်နေတဲ့ချောင့်အနားမှာ

"အစ်မတို့ ညီမလေးသရုပ်ဆောင်တာကို အရမ်းကြည့်ချင်နေပြီ" ဟုပြောလိုက်သည်။

သူမပြောလို့အပြီးမှာ ဘေးကလူတွေကလည်း သဘောတူညီစွာ ခေါင်းငြိမ့်ခဲ့ကြသည်။

ချောင်ဟာ လင်ရှီးရီရဲ့စကားတွေကို ကောင်းကောင်းသဘောပေါက်ခဲ့ပြီး သူမရဲ့အရည်အသွေးကို ထုတ်ပြဖို့ စောင့်နေခဲ့၏ ။

ဘာတစ်ခွန်းမှမပြောဘဲ ငြိမ်နေခဲ့သည်။

ဒါရိုက်တာက သူမကို သရုပ်ဆောင်ဖို့ အချက်ပေးလိုက်သည့်အခါ တစ်ခြားလူတစ်ယောက်အသွင်နှင့် လုရဲ့အခန်းထဲကို စိုးရိမ်တကြီးဝင်သွားသည်။

လုရဲ့အရက်မူးနေတဲ့ အခြေအနေကို မြင်မြင်ချင်း သူမက လုရဲ့ဇာတ်ဝင်ခန်းနာမည်ကို အော်လိုက်သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now