အခန်း ၇၄

4.2K 369 1
                                    


ဝက်ဝက်ကွဲလူကြိုက်များပြီး တန်ဖိုးအနှစ်သာရာရှိသော သရုပ်ဆောင်ချက်

"တော်တယ်" ဟု ဒါရိုက်တာကနေ ပျော်ပျော်ကြီးအော်ပြောခဲ့သည်။

"နောက်တစ်ခန်းအတွက် အဝတ်အစားတွေ လဲမယ်...အဖွဲ့က သရုပ်ဆောင်တွေကို ကူပေး" ဟူ၍ ဒါရိုက်တာက အချိန်စာရင်းကိုကြည့်ရင်း ညွှန်ကြားသည်။

ချောင် စိတ်ကို အသင့်ပြင်ထားပြီး အဝတ်လဲခန်းကို သွားသည်။

ဒါရိုက်တာပြောသလို ရှောင်မန်းဟာ အဝတ်စားများအသင့်ပြင်ထားသည့် အဝတ်လဲခန်းထဲ ခေါ်သွားသည်။

ရှောင်မန်းတံခါးဖွင့်မလို့ လုပ်နေတုန်း တစ်ယောက်ယောက်က အရင်ဖွင့်ထား၏ ။

မိန်းမငယ်လေးက ပြေးထွက်လာပြီး ခေါင်းမော့မကြည့်ဘဲ့ ပြင်မထွက်ခင် နူတ်ဆက်၏ ...

"အစ်မချောင်"

အချိန်မရှိတာကြောင့် ချောင်နဲ့ရှောင်မန်းလည်း အများကြီးမတွေးတော့ဘဲ အခန်းထဲဝင်ပြီး အဝတ်အစားလဲက ဒေါက်ဖိနပ်စီးပြီး ရိုက်ကူးမည့်နေရာကို သွားသည်။

ယခုအခန်းအတွက် ဒုတိယဇာတ်လိုက်မင်းသားဟာ ဒုတိယဇာတ်လိုက်မင်းသမီးသည် သူ့ သမီးရည်းစားဆက်ဆံရေးကို ဖျက်ဆီးခဲ့သောသူဖြစ်ကြောင်းသိသွားသောကြောင့် ကလဲ့စားချေဖို့ လာမေခဲ့သည်။

ပထမဦးဆုံးချောင့်အခန်းဖြစ်၏ ။

သူမဟာ ရေကူးကန်ဘေးနားက ထီးအမိုးအောက်မှာ ထိုင်နေလျက် စာအုပ်ဖတ်နေသည်။

ဒါရိုက်တာအချက်ပြလိုက်သော် လုဟာ ပြိုင်ကားနှင့် ချောင့်ဆီလာသည်။

ကားရပ်ပြီးနောက် လုဟာ ကားတံခါးပိတ်ပြီး သူမဆီမာန်ပါပါချီတက်လာသည်ကို ချောင်မြင်လျှင် အပြုံးများပျောက်သွား၏ ။

နာမည်မခေါ်ခင် လုဟာချောင့်စာအုပ်ကို ဆွဲလွှင့်ပစ်လိုက်ပြီးရင် ချောင့်ဘက်လှည့်ရင်း အော်ငေါက်ဖို့ စတင်လိုက်လျက်။

ဒီချိန်ထိ သရုပ်ဆောင်ချက်တွေက အားလုံးချောမွေ့ခဲ့သည်။

လုဟာ သူမကို ဘယ်တော့မှတွေ့တော့မှာ မဟုတ်ကြောင်းပြောပြီး လှည့်ထွက်ချိန် ချောင်က လုနောက်ကို ဆွဲခဲ့ပေမယ့် တွန်းထုတ်တာခံရသည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now