Ep-13

1K 121 3
                                    


Unicode♥

နံနက်ခင်းနေရောင်ခြည်နဲ့အတူ နားထင်နှစ်ဖက်ကိုလက်နဲ့ဖိရင်း နိုးထလာပြီး အခန်းအပြင်အဆင်ကိုကြည့်ကာ ဘေးကိုလှည့်လိုက်တော့

"OMG...😱"

အံ့အားသင့်စွာ ပြူးကျယ်လာသောမျက်လုံးတွေနဲ့ကြည့်နေခိုက်​

"Fuck ဟ.... လန့်တာ...."

နိုးနိုးချင်း Jiji ကိုမြင်လိုက်ရတော့​ ခုန်ထမိသည်အထိ လန့်သွားခဲ့သည်။

"Ji....Jiji.... က.... ဘယ်လိုလုပ်​ ကိုယ့်အခန်းထဲ...."​

စကားပြောနေရင်း​ အခန်းထဲကိုမျက်လုံးဝေ့ကြည့်တော့ သေချာသည်​ ဒါ​ကျွန်တော့်အခန်းမဟုတ် အပြင်အဆင်ကိုကြည့်ခြင်းအားဖြင့် hotel ကိုရောက်နေမှန်းသိလိုက်ရသည်။

"Oppa...ကဘယ်လိုလုပ်...."

ထိုစဥ် တံခါးဖွင့်သံကြား၍ လှည့်ကြည့်မိတော့ မိသားစုတွေစုံစုံလင်လင်

"ဟား....သေလိုက်ပါတော့"

ကိုယ့်နဖူးကိုယ်ပြန်ရိုက်ကာကျိန်ဆဲနေစဥ်

"သားကြီး....မင်းဘယ်လိုလုပ်လိုက်တာလဲ....omma တို့ကိုဖွင့်ပြောတော့ omma​ တို့ကသဘောမတူမှာစိုးလို့လား"​

"​Omma ဘာတွေပြောနေတာလဲ"

"ခုမင်းလုပ်လိုက်တဲ့ပုံက​နှစ်ဖက်မိဘတွေမျက်နှာပျက်စရာတွေဖြစ်ကုန်ပြီ"​

"​omma တို့ထင်သလိုမဟုတ်ဘူး"​

"ဟုတ်တယ်​ အန်တီတို့ထင်သလိုမဟုတ်ပါဘူး omma... "

"​ဘယ်မလဲ Jungkook "

အခြေအနေအရပ်ရပ်ကိုကြည့်ခြင်းအားဖြင့် Kook လက်ချက်မှန်း ခန့်မှန်းမိသည် ညက​ jiji လဲအတော်မူးနေတာကို ကျွန်တော်​သိသည်​ ကျွန်တော်​လဲအတော်သောက်ထားသည် လမ်းဘယ်လိုရှောက်ရမှန်းပင်မသိ အဲ့လိုအခြေနေနဲ့ ဟိုတယ်​ရောက်လာဖို့ဆိုတာမဖြစ်နိုင် အသောက်နည်းတာဆိုလို့ Kook​ တစ်ယောက်ထဲရှိသည် သူသိပ်မသောက်တာကိုသတိထားမိသည်​ သူ့လက်ချက်မှမဟုတ်ရင် ဟိုတယ်ထိရောက်နိုင်စရာမရှိ​

"ဘာလုပ်မလို့လဲ သားငယ်ကဟိုဘက်ခန်းမှာ"​

"omma ဒါ​ Kook​ တမင်ယုတ်မာတာ"​

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now