MAMA'S Boy🔞🔞

26.5K 915 40
                                    

MAMA Boy (part -4) 16+လောက်ပါသည် 🔕

ရာစုဟိုအခန်းထဲက ပြန်လာကတည်းကကြောက်ရွံ့နေမိသည်။သူဘာလုပ်မိလို့ သူ့ကိုတွဲမယ်ပြောရတာလဲ သူတကယ် အဲ့မကောင်းဆိုးဝါးကြီးကို မတွဲချင်ပါ သူအခန်းထဲပြန်လာတော့ အခန်းထဲက လူများမှ သူ့ကိုမသိသာအောင်ကော သိသိသာသာပါ ကြည့်နေကြလေသညိ

သူ့နေရာလေးတွေသူ ငြိမ်ငြိမ်လေးထိုင်နေလိုက်သည် သူ ဟိုလူနှင့်ရှေ့ဆက်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပေ ထိုစဉ် အခန်းထံသို့ပြေးဝင်လာခဲ့သူ ကြောင့်အကုန်တိတ်ဆိတ်ကုန်သည်

"ညကျရင် ကောင်းကင်စျာန်က ဒီအခန်းကလူတွေကို ပါတီဖိတ်ထားတယ် အဲ့တာလာပြောတာ"

ထိုကောင်လေးကအလောတကြီး ဝင်လာပြီးပြောလာသည်နှင့်တခန်းလုံး ပွစိပွစိ ဖြစ်ကုန်သည်

"ဟဲ့ ဟဲ့ ညဖို့ ငါတို့spaသွားကြမလား

"ညကျရငိ စျာန်လေးကို အပိုင်သိမ်းရမယ်"

"ဟဲ့ ငါဆံပင်ပုံ ပြင်လိုက်ရမလားဟင်"

ကောင်မလေးတွေအချင်းချင်း ပြောနေကြသည်ကိုသူခေါင်းသာရမ်းမိလိုက်သည်။သူ ထိုပွဲသို့ကလည်း မသွား၍ မဖြစ် သူတို့ကျောင်းကအဲ့လိုပွဲမျိုးဆို အကုန်တက်ရသည်တဲ့

ရာစု ဟိုလူအကြမ်းနမ်းလိုက်လို့ပေါက်သွားသောသူ့နှုတ်ခမ်းလေးကနာလာ၍ ကိုင်လိုက်မိသည်။အရမ်းနာတာပဲ နမ်းတာက သရဲမရဲစီးနေသလိုပင် ဒီနေ့မှ ဟိုလဒ၂ယောက်က နေကောင်းဘူးဆို၍ တယောက်မှမလာပေ

စိတ်ပျက်တယ် ကောင်းကင်စျာန် ခင်များကို

♡ ♡ ♡ ♡ ♡

"မေမေ ညကျသားတို့ကျောင်းက party မသွားရမနေရတဲ့မေမေ"

မေမေကတော့ မသွားစေချင်သည့်ပုံစံဖြင့် နေနေလေသည်။ဒါပေမယ့်မသွား၍ မရသည်ကိုသိနေလေသည်

"အင်းပေါ့ မသွားရမနေရဆိုလည်း မေမေလိုက်ပို့ရမလား"

"မဟုတ်ဘူး မေမေ မာန်တို့လာခေါ်ပေးမှာ မေမေကစောစောအိပ်"

"အင်းပါရှင် သားအချိုရည်ပဲ သောက်နော် ကော့တေးတောင်မသောက်နဲ့ သားကနည်းနည်းဆိုအများကြီးမူးတာ"

MAMA'S BoyWhere stories live. Discover now