MAMA'S Boy

14.6K 600 0
                                    

Mama's boy part-18

ဒေါ်ရတနာ ဒီနေ့ သားသားဆီ သွားမယ်လို့ဆုံးဖြတ်ချတ်ချလိုက်သည် သူမသားလေးကိူ သူမလွမ်းသည် ဒေါ်ရတနာ ကောင်းကင်စျာန်ပေးခဲ့သည့် လိပ်စာအတိုင်းထွက်လာလိုက်သည်

ရာစု ကိုကို့လက်တွေကို ခြံထဲတွင် လက်သည်းညှပ်ပေးနေရင်း အိမ်ရှေ့က ကားသံကြား၍ လက်သည်းညှပ်ကို အောက်ကိုချလိုက်သည်

"ကိုကို သား ခြံတံခါးသွားဖွင့်အုံးမယ် "

ကိုကိုက သူ့အား မကြည်သလိုကြည့်နေပြီး ဘေးက်ို စူးစမ်းသလိုကြည့်ပြီး

"ခြံစောင့်တွေက မရှိဘူးလား ထားလိုက် အဒေါ်ကြီးတွေသွားဖွင့်လိမ့်မယ်'

"မဟု.ဟုတ်ဘူးလေ ကိုကို"

"တော်တိတ်"

ကျွန်တော့်ပါးစပ်လေးကိုပိတ်ပြီး ကိုကို့ကို လက်သည်းညှပ်ပေးရန်ပြန်ထိုင်လ်ိုက်သည် ကိုကို့အော်သံကြောင့်လားမသိ အိမ်ထဲမှ အဒေါ်ကြီး တယောက် ပြေးထွက်လာပြီး ခြံတံခါး သွားဖွင့်လေသည်

စျာန် ခြံထဲသို့ တခါမှမမြင်ဖူးသည့်ကားဝင်လာ၍ သေချာကြည့်လိုက်တော့ ယောက္ခမကြီး စျာန် တချက်အဓိပ္ပါယ်ပါပါပြုံးလိုက်ကာ

"ရာစုသစ် ကိုယ့်ခြေသည်းတွေလဲ ရှည်နေပြီ ညှပ်ပေးအုံး"

သူ သတင်းစာကို ဟန်ပါပါကိုင်လိုက်သည် အောက်က ကလေးကတော့ သူ့အားမော့ကြည့်နေလေသည် ပြီးမှသာ ဟုတ် ဆိုပြီး ခြေထောက်အား ကိုင်ကာ ညှပ်နေလေသည်

"ရာ စု သစ်"

ရာစု ကိုယ်လေးတုန်ခနဲ ဖြစ်သွားမိသည် သူကြားလိုက်သည့်အသံက အသေအချာ မေမေ့အသံပင် သူ လှည့်ကြည့်လိုက်တော့ မေမေက သူ့ကို စူးရှစွာကြည့်နေပြီး သူ့ဆီသို့ အားမာန်အပြည့်ဖြင့်လျှောက်လှမ်းလာသည်

"မင်းကို ဒါတွေဘယ်သူလုပ်ခိုင်းတာလဲ"

မေမေပြောလိုက်သည်နှင့် ကိုကိုက စားပွဲပေါ်သို့ သတင်းစာအားချကာ ကျွန်တော့်အားဖယ်ဆိုပြီး လက်ပြကာ ဖိနပ်စီးပြီး မတ်တပ်ရပ်လိုက်သည် ကျွန်တော်လည်း ထိုင်ရာမှ ထကာ ကိုကို့ဘေးနားသို့ ကပ်လိုက်သည်

MAMA'S BoyWhere stories live. Discover now