MAMA'S boy

15.8K 507 2
                                    

"MAMA'S BoY part-29

"မမလေး လာပြီ"

သူမလာသည်နှင့် အကုန်ကတန်းစီနေရာချထားသလိုမျိုး ထိုင်ခုံပေါ်ကြိုးတုပ်ခံထားရသည့် ကောင်လေးကတော့ ခေါင်းလေးငိုက်စိုက်ကျနေလေသည် သူမ တချက်ပြုံးပြီး သူမတပည့်တပန်းတွေဘက် လှည့်လိုက်သည်

"မင်းတို့ ဒီလိုလုပ်တာ ဘယ်သူမြင်သေးလဲ"

"မမြင်ပါဘူး မမလေး"

သူမခေါင်းတချက်ညိတ်ပြကာ ဖုန်းထုတ်ပြီး ကောင်းကင်ဈာန့်ဆီ ခေါ်လိုက်သည်

"ဟယ်လို "

"ဟားးဟားး ကောင်းကင်ဈာန် ကောင်းကင်ဈာန်"

ဈာန် ဖုန်းကိုနားမှခွာကာ နံပါတ်စိမ်းကိုတချက်ကြည့်ကြည့်သည် ဒါပေမယ့် ဒီနံပါတ်ကို သူမမြင်ဘူးပေ

"မင်းဘယ်သူလဲ"

"ရှင့်ရဲ့ သည်းညှာလေးက ကျွန်မတို့ဆီမှာဆိုရင်ကော ဘယ်သူဆိုတာ ပိုမသိချင်သွားဘူးလား"

ရာစု ! သူအိမ်မှာထားခဲ့တာပါ အဲ့ကလေးကဘယ်လိုလုပ် မေမေ့အိမ်ကပြန်တဲ့လမ်းမှာများလား

"မင်းဘာလိုချင်လို့လဲ !!

ဟိုဘက်က ဘာမှပြန်မပြောပဲ ရယ်၍သာ နေနေလေသည် ထိုကလေးကို သူဘာမှအဖြစ်မခံနိုင်ပါ ချစ်သည် ထိုကလေးအတွတိ ဘာမဆိုလည်း စွန့်လွှတ်နိုင်သည် သူ့စည်းစိမ်ဉစ္စာအကုန် စွန့်လွှတ်နိုင်သည်

"ကျွန်မချိန်းတဲ့နေရာလာခဲ့ #+%# မှော်ဘီဘက်က မြေဂရမ်ရယ် စက်ရုံဆောက်ဖို့ လေလံနိုင်ထားတဲ့ မြေကွက်စာချုပ်ရယ် ယူခဲ့"

"အိုခေ ငါလာခဲ့မယ်"

"ရဲတွေဘာတွေ ခေါ်လာခဲ့လို့ကတော့ ရှင့်ကလေးရဲ့ အသက်ကျွန်မတို့အာမ မခံဘူးနော် ဟားဟား"

တောက်ခ် ဈာန့်ဘေးနားရပ်နေ‌သည့် အတွင်းရေးမှူးကလဲ မျက်စိမျက်နှာပျက်နေလေသည်

"သူဌေး ကျွန်တော်တို့ဘယ် ဘယ် လိုလုပ်ကြမလဲ "

ဈာန် ခေါင်းကို စားပွဲပေါ်အုပ်ကာ တချက်စဉ်းစားလိုက်သည်

"Ok ငါသိပြီ မင်းက ငါ့သူငယ်ချင်းတွေသိတယ်မလား သူတို့ဆီဖုန်းဆက် အဲ့နေရာက ငါ့ပိုင်နက်ပဲ ငါမြေရိုင်းသဘောထားထားတဲ့နေရာ အဲ့အနောက်ပေါက်က ငါ့သူငယ်ချင်းတွေကိုလွှတ်လိုက် ငါကအရှေ့ပေါက်က ဟန်ဆောင်ဝင်မယ် သေချာမှတ်ထားနော် ငါသွားပြီ"

MAMA'S BoyWhere stories live. Discover now