Ep-14

1K 114 0
                                    


Unicode♥

အိမ်ကိုရောက်တော့ ရေမိုးချိုးကာ​လေလေးတချွန်ချွန်နဲ့ဆင်းလာတဲ့ Kook ကိုမြင်တော့ ဒေါသထောင်းခနဲထကာ

"Kook... ငါ့အခန်းထဲ ပြန်လိုက်ခဲ့"

အမိန့်ပေးတဲ့အသံနဲ့ ခပ်ဟောက်ဟောက်ပြောခဲ့ပြီး အပေါ်ထပ်တက်ခဲ့သည်.... ခဏနေမှ မျက်နှာငယ်နဲ့ အခန်းထဲ​တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ဝင်လာသည်

"အခန်းတံခါးလော့ချလိုက်"

"ဗျာ... လော့တော့...."

"ချဆိုချလိုက်"

အခန်းတံခါးကိုလော့ချအပြီး​ အင်္ကျီကော်လံစကို ဆွဲမကာ

"​မင်းလက်ချက်မလား"

တိုးတိုးလေးပေမယ့် အသံကဒေါသသံပါနေသည်

"မဟုတ်ပါဘူး​ ဘရားသားဘာသာ​"

"ဟေ့ကောင်... မှန်မှန်ဖြေ"

အင်္ကျီ​ကော်လံကိုခပ်တင်းတင်းထပ်ဆွဲကာ မေးတော့ လက်ကိုခါချကာ

"​မဟုတ်ပါဘူးဆိုဗျာ..."

"omma တို့ကရော​ဘယ်လိုသိလဲ... အဲ့တာ​တော့​ မင်းလိမ်လို့မရဘူး"

"ဟုတ်တယ်... ကျွန်တော်​ဖုန်းဆက်ခေါ်လိုက်တာ"

"ခွပ်"

ဂျစ်ကန်ကန်ပြန်ပြောနေတဲ့ Kook ကို​ဆွဲထိုးကာ

"မင်းလုပ်ရပ်ကြောင့် Jiji ဘယ်လောက်အရှက်ရမလဲတွေးမိလား အပြန် ငါ့ကိုတောင်တစ်ချက်လှည့်မကြည့်သွားဘူးကွ ငါ့ကိုဘယ်လောက်မုန်းနေမလဲ မင်းသိရဲ့လား ဟမ်"

ထိုစဥ် kook​ ဘောင်းဘီထဲက ဖုန်းသံကြောင့် နှစ်ယောက်လုံးအသံတိတ်ကာ ထုတ်ကြည့်မိတော့ Jiji ဆီက

"ကိုင်လိုက်​ specker ပါဖွင့်"

"ဟယ်လို ... Jiji ya.... ငါတောင်းပန်ပါတယ်"

ဟိုဘက်ကဘာမှမပြောခင် ကြိုတောင်းပန်လိုက်သည် Jiji ဖုန်းဆက်တာ မနက်ကကြောင့်ဆက်မှန်းသိသောကြောင့်ပင်

"​အင်း... ရပါတယ်.... Oppa​ ရောဘယ်လိုနေသေးလဲ နင့်ကိုကောတစ်ခုခုလုပ်သေးလား"

"သူ့အခန်းထဲမှာ ရေချိုးနေရောပေါ့ ငါ့ကိုသာတစ်ခုခုလုပ်ရင်​ဒီလိုနင်နဲ့ဖုန်းပြောနေရမှာမဟုတ်ဘူး"

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now