.. ၈၇ ..
17.7K 2K 162
《Zawgyi》
အပိုင်း - ၈၇
[မင်းရဲ့ဆန္ဒကို လိုက်လျောပေးခဲ့တာ - ၃]
ချင်းစုယွဲ့၏ လက်နှစ်ဖက်လုံးမှာ ကားထိုင်ခုံနှင့် ကပ်ဖိခံထားရပြီး ချန်းစီနျန်နှင့်လည်း အရမ်းကို နီးကပ်နေသဖြင့် သူမမှာ အသက်ကိုပင် စည်းချက်မှန်အောင် ရှူနိုင်ဖို့ ကြိုးစားထိန်းနေရ၏။
"အဟွန်း ... ချင်းစုယွဲ! ကိုယ် မင်းရဲ့ ဆန္ဒတွေကို ဖြည့်စည်းပေးခဲ့တာနော် ... အခုကစပြီး လိမ်လိမ်မာမာနေတာ ပိုကောင်းမယ်"
"ရှင်က ကျွန်မရဲ့ ဘယ်ဆန္ဒတွေကို ဖြည့်စည်းပေးခဲ့လို့လဲ?"
ချန်းစီနျန်၏ အမူအယာမှာ ရုတ်တရက် နူးညံ့သိမ်မွေ့သွား၏။ "ဒီနှစ်တွေအတွင်းမှာ မင်း ပျော်ပျော်ရွှင်ရွှင် ကောင်းကောင်းမွန်မွန် နေခဲ့ရတယ်မလား?"
ဒါကတော့ သူက တိုက်ရိုက်ကြီးကို စကားနဲ့ အနိုင်ကျင့်တာပဲ! သူမမှာ ဒီနေရာထိ ရောက်ရှိလာဖို့အတွက် အရမ်း ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည်။ သူမ ဘယ်လိုတောင် ကြိုးစားခဲ့သည့် ခြေလှမ်း သေးသေးလေးတွေအထိ သူက သိနိုင်ခဲ့လို့လား? ဒီအချိန်တွေအားလုံးမှာ သူမ ဘယ်လောက်တောင် ကြိုးစား အားထုတ်ခဲ့ရသည်ကိုရော သူက သိခဲ့လို့လား? သူမက အကောင်းဆုံး ထိပ်တန်း အစီအစဉ်တင်ဆက်သူ တစ်ယောက်တော့ မဟုတ်သေးပေမယ့် သူ့မျက်လုံးထဲမှာတော့ သူမက ဘယ်လိုတောင် မျက်စိစပါးမွေးစူးစရာ ဖြစ်နေခဲ့ပါလိမ့်?
ချင်းစုယွဲ့၏ လေသံမှာ အေးစက်စက်အသံသို့ ပြောင်းသွား၏။ "စီအီးအိုချန်း ... ကျွန်မက သာမန်ပြည်သူတစ်ယောက်ပါ အဲ့တာကြောင့် ကျွန်မက ရှင်နဲ့ မတူဘူးလေ ... ရှင်က ကောာင်းချီးပေးခံရတဲ့ ရောင်ခြည်တော်စက်ဝန်းကြီးနဲ့အတူ မွေးဖွားလာတဲ့သူ ဒါပေမယ့် အခု ကျွန်မဆီမှာ ရှင့်ကို သိမ်ငယ်အောင် လုပ်နိုင်တဲ့ ဘယ်အရာတစ်ခုမှ ရှိမနေပါဘူး ... ကျွန်မမှာ အခုလက်ရှိ ရှိနေတဲ့ အရာတွေကလည်း ခမ်းနားကြီးကျယ်တဲ့ပုံ မရှိလှပေမယ့်  အနည်းဆုံးတော့ ကျွန်မကိုယ်တိုင် ပင်ပင်ပန်းပန်း ကြိုးစားအလုပ်လုပ်ပြီး ရရှိလာတာတွေပါပဲ"