.. ၈၉ ..
17.8K 1.8K 75
《Zawgyi》
အပိုင်း - ၈၉
[ဇာတ်ကြောင်းက ပြောင်းလဲသွားပြီ - ၂]
"ကိုယ့်ကို မြင်နေရတာ အဲ့လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်လား?"
"ဟင်?" ချင်းစုယွဲ့မှာ ချန်းစီနျန်၏အသံကိုကြားလိုက်ရတော့ မတတ်သာပဲ သူ့အား ခေါင်းမော့ကြည့်လိုက်ရသည်။
ချန်းစီနျန်ကတော့ သူမအား သိချင်စိတ်ပြင်းပြစွာ စူးစိုက်ကြည့်နေ၏။
ချင်းစုယွဲ့မှာ ချန်းစီနျန် အနှောင့်အယှက် ပေးနေတာကို မခံနိုင်တော့ပေ။ သူ့အား ကွေ့ပတ်ရှောင်တိမ်းကာ ထွက်သွားသည့်အချိန်မှာပဲ ချန်းစီနျန်က သူမ၏ လက်ကောက်ဝတ်လေးအား ဆွဲယူလိုက်သည်။ "မင်း ညစာစားဖို့ ကိုယ်လိုက်ပို့မယ်"
"အခုမှ ငါးနာရီတောင် မထိုးသေးဘူးလေ!" ချင်းစုယွဲ့မှာ ချန်းစီနျန်အား မယုံကြည်နိုင်စွာ မော့ကြည့်လိုက်၏။ ငါတို့က ဘာလို့ အခုအချိန်ကြီးကို စားရမှာတုန်းလို့? အရမ်း စောလွန်းနေတယ်လေ!
"လမ်းမှာ ခဏလောက် လမ်းလေးဘာလေး လျှောက်ဖို့ မင်းကို ခေါ်သွားမလို့လေ"
ချင်းစုယွဲ့က နှာခေါင်းတွန့်လိုက်ရင်း ... "ဥက္ကဌချန်းက အခုလို လူတိုင်း အလုပ်ကနေ ဆင်းလာကြတဲ့ လမ်းသွားလမ်းလာတွေများနေတဲ့ ရုံးဆင်းချိန်ကြီးမှာ ကားလမ်းပိတ်တဲ့ ခံစားချက်လေးကိုများ အတွေ့အကြုံ ရချင်လို့လားရှင်?"
ချန်းစီနျန်ခမျာလည်း သူ့အကြံဟာ တစ်ကယ်တော့ လက်ခံနိုင်စရာ မရှိဘူးဆိုသည်ကို သဘောပေါက်နားလည်ပါ၏။
ချင်းစုယွဲ့က သူ့အား သတိဖြင့် ကြည့်လိုက်ပြီး ထွက်သွားဖို့ ပြင်နေစဉ်မှာပဲ တစ်စုံတစ်ယောက်က အံ့ဩတကြီးလေသံနှင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "အမလေး! ချန်းစီနျန်! ဘုရားရေ! စီနီယာချန်းက ကျောင်းကိုလာတယ်ဟေး!"
"သူက အရမ်းကို ခန့်ညားတာပဲ!"
"ငါ သူ့ကို လူကိုယ်တိုင် မြင်တွေ့နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး!" ...
ချင်းစုယွဲ့မှာ မိန်းကလေးအုပ်စု၏ ဆွေးနွေးနေခြင်းကို နားထောင်ရင်း အထင်မကြီးစွာ တွေးတောမိ၏။ : သူက တော်တော်လေး ခန့်ညားတာတော့ ဟုတ်ပါတယ် ဒါပေမယ့် ရုပ်ရည်သွင်ပြင်က အရာအားလုံးတော့ မဟုတ်ဘူးလေ ညမလေးတို့ရဲ့ ... ဟုတ်တယ်မလား?