Ep-17

1K 121 0
                                    

♥Unicode♥

ခန်းမထဲ၌ လူတွေစည်ကားနေပေပြီ.... နှစ်ဖက်မိသားစုက အဝင်ဝမှာဧည့်သည်တွေကိုဆီးကြိုနေကြသည်.... အထဲမှာတော့ တစ်ယောက်တစ်မျိုး မင်္ဂလာမောင်နှံကို မှတ်ချက်ပေးနေကြသည်....

"သတို့သားက သတို့သမီးထက်အသက်ပိုကြီးတယ်ဆို"

"ဟုတ်လောက်မယ်... ကောင်လေးကဆရာဝန်လို့ပြောတယ်"

"ပြောကြတာတော့ ခုနစ်နှစ် ရှစ်နှစ်လောက်ကြီးတယ်ဆိုလားပဲ"

"ဒီမင်္ဂလာဖိတ်စာရတော့ ကျမဖြင့်အံ့သြလိုက်တာ.... စီးပွားရေးသမားလဲမဟုတ်ဘဲနဲ့ ဘာလို့​ဆရာဝန်တစ်ယောက်နဲ့ပေးစားကြပါလိမ့်"

"​မဟုတ်မှ... ကိုယ်ဝန်တွေဘာတွေများရနေလို့လား"

"​ကောင်မလေး​အရင်ကောင်လေးဆုံးသွားတာ တစ်လကျော်လောက်ပဲကျန်သေးတယ်မလား"

"​ဒီကောင်လေးကထိုးကျွေးခံရတာလား"

"​မဖြစ်နိုင်လောက်ပါဘူး ကိုယ်ဝန်ရရင်တောင် တိတ်တဆိတ်ဖျက်ချပစ်နိုင်တဲ့မိသားစုပဲ... အဲ့တာကြောင့်တော့မဟုတ်နိုင်ပါဘူး တစ်ယောက်နဲ့တစ်ယောက်သဘောကျလို့နေမှာပါ"

"​မိဘတွေကအတင်းပေးစားတာဆို"

"​ကောင်မလေးက....ဒီကောင်လေးညီနဲ့လဲ ကျောင်းမှာ​ဘာသံညာသံထွက်သေးတယ်ဆိုပဲ"

စသဖြင့်.... အထက်တန်းလွှာတွေနှုတ်ကထွက်ကျလာတဲ့ သို့လော သို့လော​အသံတွေကစိုးမိုးထားသည်.....​

မင်္ဂလာအခမ်းနားကတော့ မိသားစုအရှိန်ဝါကြောင့်စည်ကားလှပေမယ့် သတို့သမီးသတို့သားကတော့ အပြုံးအရီမရှိ သာမန်ကာနှုတ်ဆက်ပြီး မိဘတွေလက်ဖွဲ့ထားတဲ့အိမ်ကိုသာပြန်လာခဲ့သည်

Oppa ကိုချစ်ပေမယ့်​ တကယ့်တကယ်မင်္ဂလာဆောင်ရတော့ အမှန်တကယ်မပျော်ရွှင်နိုင် စိတ်ထဲကမပါတဲ့ချီးကျူးစကားတွေကိုလဲ နားမထောင်ချင်တော့ ငိုချပစ်ချင်ပေမယ့် အိမ်ထိအားတင်းပြန်လာရင်း အခန်းထဲပြေးဝင်ကာ တံခါး​ lock ချပြီးအော်ငိုမိသည်

အချိန်မည်မျှကြာသွားသည်မသိ Kook ဖုန်းဆက်မှ မျက်ရည်များကိုအသာအယာသုတ်ပြီး

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now