Ep-18

1K 113 0
                                    

♥Unicode♥

Oppa ထွက်သွားမှ ဖုန်းလေးကောက်ကိုင်ကာ Tae ဆီဖုန်းဆက်ပြီး

"အေး.... ပြော"

"Tae အပြင်သွားရအောင်"

"အိုခေလေ"

"ဒါဆို...Kook ကိုလဲခေါ်လိုက်မယ်"

"သဘော"

Tae နဲ့ပြောပြီး​ Kook ဆီဖုန်းဆက်တော့ ကျေးဇူးရှင်က ဇွတ်တွေခေါင်းညိတ်ရှာသည်

နာရီဝက်လောက်နေမှ တစ်ယောက်ပြီးတစ်ယောက်ဝင်ခေါ်ကာ Tae's Omma အသစ်ဖွင့်ထားတဲ့ Shopping mall ဆီသို့.....

ဝယ်ချင်တာဝယ်.... လျှောက်ကြည့်ချင်တာလျှောက်ကြည့်ပြီး နာရီကြည့်တော့ ညနေသုံးနာရီ

"Jiji... Hyung​ ကဘယ်ချိန်ပြန်လာမယ်မှာခဲ့လဲ"

"ဘာမှမပြောခဲ့ဘူး"

ပုခုံးတွန့်ပြကာ မသိချင်ယောင်ပြန်ဖြေရင်း

"Tae ဒီနေ့တစ်နေကုန်အားတယ်မလား"

"အားတာကအားတယ် အရင်ဖုန်းဖြေလိုက်ဦး....အစောကတည်းက နင့်ဖုန်းလာနေတာ"

"ဟုတ်လား... ငါအသံမကြားမိဘူး"

ပြောပြောဆိုဆိုနဲ့ အိတ်ထဲကဖုန်းကိုထုတ်ကြည့်မိတော့ oppa ဆီက... ဖုန်းဖြေမယ့်အစား စက်ကိုပိတ်ပစ်လိုက်ပြီး

"ဟဲ့.... ဟဲ့.... Kook... Club သွားမယ်"

"​ဘာ... ဟာ.... မလုပ်နဲ့ Hyung... သိရင်ငါ့ကိုဆူလိမ့်မယ်"

"​Tae"

"ငါကသွားလဲဖြစ်တယ် မသွားလဲဖြစ်တယ် "

"သွားရအောင်ဟာ မရောက်တာကြာပြီကို "

"သဘောဟာ.... သွား... သွား"

နောက်ဆုံးတော့​သုံးရောက်သား club ကိုချီတက်ခဲ့ကြသည်

သောက်လိုက် စားလိုက်​ DJနောက်စီးမြောလိုက်နဲ့ အချိန်ကုန်လို့ကုန်မှန်းမသိ ဘေးကတစ်ယောက်ဝင်တိုက်လိုက်မှ လှည့်ကြည်ပြီး လူအုပ်ထဲကထွက်ကာ ထိုင်ပြီးဆက်သောက်နေလိုက်သည်။

"​ဟေ့.... တစ်ယောက်တည်းလား"

"​မဟုတ်ဘူး​ အဖော်ပါတယ်"

ထိုတစ်ယောက်က ဘေးနားလာထိုင်ပြီး

"တစ်ယောက်တည်းမပျင်းဘူးလား​"

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now