Extra 4(Z+U) end

89.4K 3.9K 166
                                    

#photo credit

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

#photo credit.:

" အားးး အခုမှပဲ လေကောင်းလေသန့် ရှူရတော့တယ် ပင်လယ်ကြီးရေ.......ငါတို့ရောက်ပြီကွ!!!!"

"ဟေ့ကောင် ရူးကြောင်မူးကြောင်တွေအော်မနေနဲ့ လာ ကားပေါ်ကအထုတ်တွေလာသယ် "

ပြည့်ဖြိုး၏ အော်သံကို မန်နေဂျာကိုစိုးသည် အသံကျယ်ကျယ်ဖြင့် ပိတ်ဟောက်လိုက်လေသည်။ ထိုအခါ ပြည့်ဖြိုးက နှာခေါင်းရှုံ့၍ ကားပေါ်မှအထုတ်များကို ဆွဲချသည်။

" ငါလေ ငပလီကို လာချင်နေတာကြာလှပြီ အခုမှပဲရောက်တော့တယ် ငါတို့boss ရဲ့ ကျေးဇူးကြောင့် နေစရိပ်စားစရိပ် free နဲ့လာရတာ ဘယ်လောက်ကောင်းလိုက်သလဲ "

မခင်တိုး၏ စကားကို သရဖီသည်လည်း သူ၏ အိတ်ထုတ်ကို ဆွဲရင်း ထောက်ခံလာသည်။

"ဟုတ်တယ် အမရဲ့ ညီမတို့ကွ့ကိုယ်လာရင်တောင် ဒီလိုhotel ကောင်းကောင်းကြီးမှာ တည်းရမှာမဟုတ်ဘူး ပြီးတော့ bossက အရမ်းကို ro တာပဲ အခုပဲကြည့်လေ သူ့ရဲ့ မင်္ဂလာပွဲအတွက် ရုံးကဝန်ထမ်းတွေအားလုံးကို အကုန် free စရိပ်ငြိမ်းခေါ်လာတာ ၊ ပြီးတော့ boss ရဲ့ကောင်လေးကလည်း ငယ်ငယ်ချောချောလေး အမရယ် boss ကလည်း ချစ်လိုက်တာတုန်နေရော ညီမတောင်လေ ဘေးကနေကြည့်ရင်း အရမ်းအားကျတာပဲ "

မျက်လုံးအရောင်များတောက်ကာ အားပါးတရပြောနေသည့် သူမ၏စကားကို မခင်တိုးသည် တပြုံးပြုံးနှင့် နားထောင်သည်။ အမှန်ပင် မြင်သူတိုင်းအားကျရလောက်အောင် သူတို့ bossနေသစ်မာန်၏ ဘဲချစ်ချက်က လက်ဖျားချရစရာပင်။ တော်ရုံလူမကိုင်နိုင်သည့် ပန်းသီးတစ်ခြမ်းပဲ့တံဆိပ်ဖုန်းကြီးကို အသစ်ထွက်လာလျှင် တစ်လုံးပြီးတစ်လုံး လဲကိုင်ရအောင် ဝယ်ပေးသော သကြားဖေဖေ၊ ချစ်သူကောင်လေးသဝန်တိုမည်ထင်သည့် မိန်းမများနှင့် ကင်းအောင်နေတတ်သူဖြစ်ပြီး ချစ်သူမျက်နှာမြင်လျှင် မာထန်နေသည့် မျက်နှာကြောသည် ရုတ်ချည်းပင် ချိုသာသွားသည်မှာ မြင်ရသူများအဖို့ သြချရလောက်သည်။ ချစ်သူကောင်လေးသည်လည်း အရည်အချင်းရှိပြီး ထက်မြတ်ရုံမက မျက်နှာချို၍ ချစ်ဖို့ကောင်းလေသည်။ ဒီလို ပြည့်စုံလိုက်ဖက်သောစုံတွဲကို လိင်တူပဲဖြစ်လင့်ကစား လူအများ အားကျသဘောကျရသည်။ လိင်တူစုံတွဲဖြစ်သောကြောင့် နှစ်သက်သူများရှိသကဲ့သို့ မနှစ်သက်သူများလည်းရှိသည်။ သို့ပေမယ့် ယင်းတို့ စုံတွဲသည် အေးအေးဆေးဆေးပင်.....မင်္ဂလာဆောင် ဖိတ်ကတည်းက ' ကျွန်တော်တို့ မင်္ဂလာပွဲကို တကယ်ပဲကောင်းချီးပေးပြီး လက်ခံနိုင်တဲ့သူများသာ တက်ရောက်ကြပါ ၊ မလက်ခံနိုင်တဲ့သူတွေကတော့ သဘောပါပဲ တခြားတော့မဟုတ်ပါဘူး မင်္ဂလာယူနေတဲ့အချိန်မှာ ကျွန်တော့်ကောင်လေး စိတ်အနှောက်ယှက်မဖြစ်စေချင်လို့ပါ ' ဆိုသည့် စကားအရ နေသစ်သည် ခေတ်နွေအား မည်မျှပင် ချစ်သည်ကိုပေါ်လွှင်နေသည်။

Sugar Daddy (Completed)Where stories live. Discover now