Ep-07

990 41 0
                                    


!Unicode!

ဆေးရုံထဲအချဥ်ပေါင်းထုတ်တွေဆွဲရင်း​ ကောင်တာရှေ့ချပေးကာ

"ဆရာမလေးတို့အတွက်"

ကောင်တာက nurse မလေးတွေကမျက်လုံးပြူးကာ

"ကျွန်မတို့အတွက်"

"nae...."

Nae​ ကိုသံရှည်ဆွဲကာပြောရင်း နောက်ကရောက်လာတဲ့ ကိုကို့ဘက်လှည့်ကာ

"ကိုကို​ ဂျူတီပြီးပြီလား"

"ပြီးပြီ... သွားကြစို့"

ပုခုံးလေးဖက်က အပြင်ကိုခေါ်လာရင်း ကားပေါ်ရောက်မှ

"သဲ.... အချဥ်ပေါင်းတွေကဘာလုပ်တာလဲ"

"လမ်းမှာတွေ့လို့ဝယ်လာတာလေ"

"တစ်ဆိုင်လုံး မ​ လာတာလား"

"ဆိုပါတော့😅"

နှဖူးလေးကိုလက်လေးနဲ့တောက်ရင်း

"တကယ့်ကလေးဆိုးလေး...ကဲ...သဲ​ ဘယ်သွားချင်လဲပြော"

"​ရုပ်ရှင်သွားကြည့်ကြမလား"

"သွားကြတာပေါ့"

ရုပ်ရှင်ရုံဘက် လမ်းကြောင်းပြောင်းရင်း အနီးနားက market ထဲဝင်ကာ မုန့်အချို့ဝယ်လာသည် ရုပ်ရှင်ရုံရောက်မှဝယ်ရင် လူကြားထဲတိုးနေရဦးမှာ...သဲက လူရှုပ်ရင်မကြိုက် ကျွန်တော်လည်းထိုနည်းတူပင်.... လက်မှတ်​ဖုန်းဆက်ပြီးကြိုဖြတ်လိုက်တော့ အဆင်ပြေသည်

ရုပ်ရှင်ရုံထဲရောက်တော့ ရုပ်ရှင်ကစနေပေပြီ
သဲကတော့ ရုပ်ရှင်ကြည့်ဖို့လာတာလား အစားစားဖို့လာတာလား မသဲကွဲ မုန့်ထုပ်တွေသာတစ်ထုပ်ပြီးတစ်ထုပ်ဖောက်စားနေသည် ခဏနေမှ အစားစားတာကိုရပ်ပြီး ကျွန်တော့်ဘက်လှည့်ကာ

"ကိုကို..."

"ဗျ"

"ကိုကို..."

"ပြောလေ သဲ​ရဲ့"

"သဲကိုကြည့်"

"အင်း​ကြည့်ပြီ"

"အတွဲတွေက ရုပ်ရှင်ကြည့်ရင်ဘာလုပ်ကြတာလဲဟင်"

စောင်ကျိုးနည်း ဒီကလေးမဘာတွေလာမေးနေတာပါလိမ့်

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now