Ep-21

1K 106 0
                                    

♥Unicode♥


တစ်နိုင်ငံလုံးကို live လွင့်နေတာကြောင့် Tae နဲ့​ Jiji​ အတူထိုင်ကြည့်ရင်း

"delpa.... လူတင်မဟုတ်ဘူး အပြောတွေကပါမိုက်တယ်...."

"အင်း... သူ့လိုသူငယ်ချင်းရှိလို့ဂုဏ်ယူရမလိုဖြစ်နေပြီ"

"အစကတော့ နင့်အတွက်စိုးရိမ်နေတာ ခုတော့​စိတ်အေးရပြီ... တော်သေးတာပေါ့ Yoon Gi Oppa ကနင့်ကိုယုံလို့"

နှစ်ယောက်သားစကားတပြောပြောနဲ့​ရယ်လိုက် မုန့်တွေဖောက်စားလိုက်နဲ့ Tae ကနေ့လည်စာစားချိန်မှပြန်သွားသည်

နေ့လည်စာစားပြီး အခန်းထဲဝင်ကာ တစ်မှေးလောက်မှေးမယ်စိတ်ကူးနေတုန်း Yoon Gi Oppa ကဝင်လာပြီး

"​Jiji... ကိုယ်​မနက်ဖြန်ဆေးရုံပြန်သွားရမယ်"

"​ဟင်... ဘာလို့လဲ... နားပါဦးလား oppa ရယ်"

"ကိုယ်တကယ်သက်သာနေပါပြီ.... ကြည့်ပါလား ဘာမှမဖြစ်တော့ဘူး"

ခန္ဓာကိုယ်​ကို​ ဟိုဘက်ဒီဘက်ကိုင်းပြနေတာကြောင့် တစ်ချက်မျှရီလိုက်ပြီး

"ကောင်းပြီလေ ဒါပေမယ့်​ နေ့တိုင်း​ မနက်​ကိုးနာရီကနေ နေ့လည်ဆယ့်နှစ်ထိပဲနော် အချိန်စားရင်းပြောင်းပေးထားမယ်...."

"​ကောင်းပါပြီဗျာ"

ဒီလိုဆိုတော့လဲ အာဏာတွေ ပိုင်ဆိုင်မှုတွေ ငွေတွေရှိတာအကောင်းသား.... ကိုယ်ပိုင်ဆေးရုံမို့ oppa​ အချိန်စားရင်းတွေကို ပြင်ပေးလို့ရသည်

တဖြည်းဖြည်းနဲ့ Kook တို့မင်္ဂလာပွဲကလဲနီးလာပေပြီ...အိပ်မရတဲ့အဆုံး အောက်ထပ်ဆင်းလာကာ​ Oppa​ ကိုလိုက်ရှာမိသည် အိမ်ရှေ့မှာထိုင်နေတာတွေ့မှ အနားသွားကာ ဘေးမှာဝင်ထိုင်ရင်း

"oppa... အပြင်မသွားချင်ဘူးလား"​

"Jiji သွားချင်လို့လား"​

"အင်း​ ဝယ်စရာလေး နည်းနည်းရှိလို့"​

"ဒါဆို​ကိုယ်​ လိုက်ပို့မယ်လေ"​

"အင်း"

ကားထဲအပြေးဝင်ထိုင်တော့

"Jiji ထပ်ထည်မဝတ်တော့ဘူးလား"​

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now