.. ၁၀၂ ..
17.3K 1.9K 184
《Zawgyi》
အပိုင်း - ၁၀၂
[ နင့်ရဲ့ မျိုးရိုးအမည်က ရှန် ဖြစ်နေတော့ရော ဘာဖြစ်လဲ?
(နင်က ဇာတ်လိုက်မ ဖြစ်နေတော့ရော ဘာဖြစ်လဲ?) ]
ချင်းစုယွဲ့က စကားလမ်းကြောင်းကို ပါးနပ်စွာ ပြောင်းလိုက်နိုင်သဖြင့် ရှန်ဝမ်းယန့်က ချင်းစုယွဲ့ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီး သူမကလည်း ထိုအထိခိုက်မခံသည့် ခေါင်းစဉ်ကို တည်ငြိမ်စွာနှင့် အဆုံးသတ်လိုက်၏။
သူတို့ဟာ အစီအစဉ် အဆုံးသတ်ခါနီးသို့ အထေ့အငေါ့မရှိ နီးကပ်လာချေသည်။ ချင်းစုယွဲ့က ဝန်ထမ်းတို့၏ရှေ့၌ ထူးထူးကဲကဲ အောင်မြင်မှုတွေ အများကြီး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် လှပပြီး ထက်မြက်သော ရှန်ဝမ်းယန့်အား ချီးကျူးလိုက်ပြီးနောက် ချင်းစုယွဲ့က အပြုံးတစ်ခုနှင့် မေးလိုက်၏။ "ရှန်မိန်းကလေးရေ ... ဒီအင်တာဗျူးကလည်း အဆုံးသတ်ကို ရောက်ရှိလာခဲ့ပြီပေါ့နော် .... အဲဒါကြောင့် ရှန်မိန်းကလေးက ကြည့်ရှုနေကြတဲ့ ပရိသတ်ကြီးနဲ့ သူငယ်ချင်း မိတ်တွေတွေကို အခု တီဗွီအစီအစဉ်လေးကနေ ပြောချင်တာလေးများ ရှိပါသလားရှင့်?"
ရှန်ဝမ်းယန့်ဟာ သူမရဲ့ခေါင်းကို တဖြည်းဖြည်း ညိတ်လိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။  "ကျွန်မနဲ့ ကျွန်မရဲ့ လက်ရာဒီဇိုင်းတွေကို ကြိုက်နှစ်သက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ... နောက်ပြီးတော့ ကျွန်မကို မေ့မသွားကြတဲ့လူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင် ... ကျွန်မ .. ရှန်ဝမ်းယန့် ပြန်လာပါပြီ"
ပရိသတ်တွေ အားလုံးက စတင်ပြီး လက်ခုပ်ဩဘာ ပေးကြသည်။ ချင်းစုယွဲ့က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ဒီအင်တာဗျူး အပိုင်းအား အဆုံးသတ်ချင်မိချိန်တွင် ရှန်ဝမ်းယန့်က နူးညံ့ကာ သိမ်မွေ့ညင်သာစွာဖြင့် ပြော၏။ "အားနျန် ... သုံးနှစ်တောင် ရှိသွားပြီနော် ... နောက်ဆုံးတော့ ကျွန်မ ပြန်ရောက်လာပြီ!"
ရှန်ဝမ်းယန့် ထိုသို့ ပြောလိုက်စဉ်အတွင်း နက်ရှိုင်းကာ နစ်မျောနေသည့် အကြည့်အား ကင်မရာက အမိအရ အောင်မြင်စွာ ဖမ်းယူရိုက်ကူးနိုင်ခဲ့လေ၏။