.. ၁၀၃ ..
17K 1.6K 65
《Zawgyi》
အပိုင်း - ၁၀၃
[နင် သူ့ကို မပယ်ထုတ်နိုင်ရင်တော့ - ၁]
ရှန်ဝမ်းယန့်၏ အတွင်းရေးမှူးက ကားတံခါးကို ပိတ်ပေးပြီး ဝင်ထိုင်လိုက်ချိန်မှာ ကားနောက်ခန်းမှ ရှန်ဝမ်းယန့်က တိကျသေချာစွာ ပြောလိုက်၏။ "မင်း ပေးတဲ့ သတင်းက မှားနေတယ်"
ရှန်ဝမ်းယန့်ဟာ ချင်းစုယွဲ့အကြောင်း သူမကို သတင်းပေးခဲ့သည့် အတွင်းရေးမှူးအား ဖျတ်ခနဲ ကြည့်လိုက်သည်။ ၎င်းသတင်းစကားမှာ ချင်းစုယွဲ့က ရင်သားသာ ဖွံ့ဖြိုးတာ ဦးနှောက်က မဖွံ့ဖြိုးရှာဘူး ဟူ၍ပင်။ ဒါ့အပြင် ချင်းစုယွဲ့မှာ စိတ်ဆိုးဒေါသဖြစ်လွယ်ကာ ရန်စခြင်းကို သည်းမခံနိုင်သူ ဟူ၍လည်း ပါသေး၏။
ဒါပေမယ့် ရှန်ဝမ်းယန့်က ချင်းစုယွဲ့အား စမ်းသပ်ကြည့်သည့်အခါမှာတော့ ကောလာဟလတွေက ဖော်ပြကြသလိုမျိုး ချင်းစုယွဲ့က မဟုတ်ချေ။ ဒါ့အပြင် ချင်းစုယွဲ့မှာ လျှာစောင်းကလည်း ထက်သေးပြီး  တစ်ပါးသူအား စိတ်အနှောင့်အယှက် အဖြစ်စေဆုံးအရာဖြင့် ဘယ်လို တိုက်ခိုက်ရမည်ကိုလည်း သိရှိသေး၏။ ထိုအချိန်တုန်းကဆိုလျှင် ထိုမိန်းမသည် သံသယဖြစ်စရာ ကောင်းလောက်အောင် ခက်ခဲစေမည့်သူမှန်း ရှန်ဝမ်းယန့်က ခံစားသိရှိခဲ့လေသည်။
အဓိက အချက်ကတော့ ချန်းစီနျန်၏ ချင်းစုယွဲ့အပေါ် သဘောထားကို သူမ မသေချာသေးပေ။
ရှန်ဝမ်းယန့်က လေးလေးနက်နက် တွေးဆနေကြည့်ပြီးနောက် သူမရဲ့ အတွင်းရေးမှူးအား ဆက်လက် အမိန့်ပေးလိုက်သည်။ "ရှီရှီ့အကြောင်းကို သွားပြီး သေချာစုံစမ်းလိုက်"
"ရှီရှီ?" ရှန်ဝမ်းယန့်၏ အတွင်းရေးမှူးမှာ သူတို့ ဒီနိုင်ငံသို့ ပြန်ရောက်ပြီးထဲက သူ့အတွင်းရေးမှူးအလုပ်က ဘာလို့ ပြောင်းလဲသွားရလဲဆိုသည်ကို နားမလည်ခဲ့ချေ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပင် သူက ချန်းစီနျန်နှင့် ချင်းစုယွဲ့တို့၏ အကြောင်းကို သေချာစုံစမ်းခဲ့ရပြီးပြီ။ သူ့မှာ တချို့ သတင်းတွေအား ရှာတွေ့ဖို့အတွက်ကိုပင် စိတ်မပါစွာဖြင့် အားအင်များစွာ စိုက်ထုတ် ကြိုးပမ်းခဲ့ရသည်။ အခု အခြားသောလူတွေကို စုံစမ်းဖို့အတွက် သူ့ကို ဘယ်လို ထင်မှတ်နေပါသည်လဲ? အတွင်းရေးမှူး တစ်ယောက် အနေနှင့် သူ တကယ်ကို နားမလည်နိုင်တော့ပေ။