.. ၁၀၄ ..
17.5K 1.7K 58
《Zawgyi》
အပိုင်း - ၁၀၄
[နင် သူ့ကို မ ပယ်ထုတ်နိုင်ရင်တော့ - ၂]
ချင်းစုယွဲ့ဟာ အလုပ်ဆင်းခါနီး ထိုအသံမက်ဆေ့အား ကြားတော့ သူမကလည်း ပြန်ပို့လိုက်သည်။ "ပုံမှန်ပဲ ပြောစမ်းပါ"
"ဟက်" ကူထုံးကလည်း အလုပ်ပြန်မလုပ်ခင် ထိုစကားတစ်ခွန်းကို ပြန်ပို့လိုက်၏။
ထို အင်တာဗျူး အစီအစဉ် ထုတ်လွှင့်ပြသနေသည်က ပြီးဆုံးသွားသည့် အခါမှာ ကွန်းမန့်တွေဟာ တစ်ဖက်က အခြားတစ်ဖက်ထက် ဖြည်းဖြည်းချင်း အလေးသာလာတော့သည်။
"ငါ ဒီတင်ဆက်သူကို သဘောကျတယ် ... သူက အရမ်း ဖော်ရွေကြည်သာတာပဲ"
"ဟုတ်တယ် .. ပြိုင်ဘက်ကင်း အပိုင်းတစ်ခုကို မြင်ရလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး"
"တင်ဆက်သူ ပြောလိုက်တာက အရမ်းကို အားတက်ဖို့ကောင်းတယ်လို့ ငါ ထင်တယ်! လူတိုင်းက အကောင်းဆုံး ဆိုတာနောက်ကိုသာ လိုက်နေကြရင်း သူတို့ရဲ့ဘဝတွေက ခက်ခဲပင်ပန်းနေကြတာ မဟုတ်ဘူးလား?"
"ငါ မင်းတို့ကို မှတ်သားစရာ အချက်လေးတစ်ခု ပေးချင်တယ် __ ဒီကမ္ဘာပေါ်မှာ 'အကောင်းဆုံး'ဆိုတာ တကယ် မရှိပါဘူး ..  အကောင်းဆုံးဆိုတာက လူတွေက လိုချင်နေပေမယ့် မရရှိနိုင်တဲ့ အရာပါပဲ ... အဲဒါကြောင့်မို့ မင်းက အကောင်းဆုံးလို့ ယုံကြည်ထားတဲ့ အရာက အခြားတစ်ယောက် အတွက်တော့ အကောင်းဆုံး ဖြစ်ချင်မှဖြစ်မယ်လို့ ငါယုံတယ် (ဒါက တင်ဆက်သူရဲ့ မူရင်းစကားပါ ... ငါက ပြောပြဖို့အတွက် ကူးထားတာ)"
"အပေါ်ကလူ .. ခင်ဗျားက တကယ်ကို အံ့ဖွယ်ပဲဗျ ... ကြည့်ရတာ ခင်ဗျားက  ပုံတူကူးပြီး ပြန်ပွားတဲ့နေရာမှာတော့ ထူးချွန်တဲ့ပုဂ္ဂိုလ် ထင်တယ်"
"ငါ ထောက်ခံတယ်"
"ငါရောပဲ"
...
ချင်းစုယွဲ့ဟာ ကွန်းမန့်တွေကို အောက်သို့ဆွဲချ ကြည့်ရှုလိုက်ပြီးတော့ ပရိသတ်တွေက သူမနှင့် တူညီသည့် ခံစားချက်တွေ ရှိနေကြမည်လို့တော့ မထင်ထားခဲ့ပေ။ ဤသည်က နှလုံးသားထဲထိတိုင် အလွန်နွေးထွေးစေသည်ဟု ခံစားလိုက်ရသည်။ သူမက Weibo ကွန်းမန့်တွေအား ရှေ့ထိတိုင် ကြည့်ရှုပြီးနောက် ကျေးဇူးတင်ပါတယ် ဟု ရေးသားလိုက်၏။