Part-4 ( Unicode)

6.1K 544 8
                                    

အာဏာမင်းဆက်က သူ့အမေအတွက်
ဘာဝယ်ပေးရမှန်း မသိဖြစ်နေကာ ဟို၀င်ဒီဝင်
လုပ်နေသည်ကို ထူးထူးက အနောက်မှ
တကောက်ကောက်လိုက်နေရသည်။
ထူးထူးကို မေးတော့လည်း အကြံကမပေးတတ်..။
တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကို ၀ယ်ပေးဖို့
လက်ဆောင်ကို ထူးထူးက ဘယ်လိုလုပ်ပြီး
အကြံ ပေးတတ်မှာလဲ။

"မုန့် အရင်စား ရအောင်... ဗိုက်ဆာပြီမလား....?"

နာရီဝက်လောက်ပတ်ပြီး သူ့ဗိုက်သူဖိကာ
ပြောနေသော အာဏာ၊

မုန့်ဆိုင်ထဲရောက်တော့ ဝိုင်းတစ်ဝိုင်းမှ
ကောင်မလေးတွေက ထူးထူးတို့ကို
လှမ်းလှမ်း ကြည့်နေတာ သတိထားမိလာသည်။

"အာဏာ... ..ဟိုကောင်မလေးတွေနဲ့ သိလား....?"

သူက ကျောပေးထားသဖြင့် မမြင်ရ.. ၊
ထူးထူးပြောတော့မှ လှည့်ကြည့်လိုက်တော့
ဟိုဝိုင်းမှ ကောင်မလေးတွေဆီက
ပိကျိပိကျိ အသံတွေ ဆူညံစွာ ထွက်လာတော့သည်။

"မသိဘူး...."

ထိုတစ်ခွန်းထဲကိုသာ ပြောပြီး စားလက်စကို
ဆက်စားနေသော အာဏာမင်းဆက်ကို ကြည့်မိသည်။
သူ့ကြည့်ရတာ မထူးဆန်းသလို စိတ်ဝင်စားပုံမရ။
ထိုဝိုင်းမှ ကောင်မလေးတွေကတော့ သူ့ဆီမှ
အကြည့်တွေ လုံးဝမခွာတော့...။
အဲ့လောက်တောင် popular ဖြစ်တာလား
အာဏာမင်းဆက်..။
ဖြစ်လည်း ဖြစ်လောက်ပါတယ်လေ...၊
ဒီလောက်ချော ဒီလောက်ပြည့်စုံတဲ့
လူတစ်ယောက်က မဖြစ်ပဲ နေပါ့မလား...။

စားသောက်ပြီးတော့  သူ့အမေအတွက်
ထပ်ရှာကြပြန်သည်။ သူက ရှေ့ကသွား
ထူးထူးက နောက်က လိုက်နှင့်
ဟုတ်တော့ ဟုတ်နေသည်။

သူ့ကျောပြင်ကို လှမ်းကြည့်မိတော့လည်း၊
ဪ....
အနောက်က ကြည့်လည်း ကြည့်ကောင်း
နေတာပါပဲလား ဟုတွေးမိရင်း..

"နာရီပဲ ပေးရင် ကောင်းမလား...?.."

အရှေ့မှ သွားနေသော သူက နောက်ကို
ရုတ်တရက် ပြန်လှည့်ကာ မေးတော့
သူ့ကို ကြည့်မိနေသော ထူးထူး တစ်ယောက်
ရှက်ကိုးရှက်ကန်းတွေ ဖြစ်ပြီး
ဘာပြန်ပြောရမှန်း မသိ။ သူကရယ်သည်..။
ဒီတစ်ခါတော့ ပြုံးရုံပဲ မဟုတ်... ၊
သွားဖြူဖြူ ညီညီလေးတွေပေါ်လာသည်အထိကို
ရယ်လိုက်တာ.....
ချောရက်နိုင်လွန်းတဲ့ အကိုကြီးပါလား....ဟု
စိတ်ထဲက ရေရွတ်မိသည် အထိပင်..။

ဒဏ္ရာWhere stories live. Discover now