Part-6 ( Unicode)

5.8K 558 5
                                    

အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ ကြားသဖြင့်
ထူးထူး အိမ်ထဲမှ ထွက်ခဲ့တော့ အရှေ့တွင်
ကားတစ်စီး၏ ဘေးမှာ အိတ်တွေကိုင်ကာ
ရပ်နေသော ဦးလေးကြီး တစ်ယောက်ကို
တွေ့လိုက်ရသည်။ထို ဦးလေးကြီးက
ထူးထူး ကို မြင်တော့ ပြုံးပြနေသဖြင့် ထူးလည်း
ပြန်ပြုံးလိုက်ချိန်...

"ဒါ ဒေါ်အိငွေသော်ရဲ့ အိမ်လား ခင်ဗျ....."

"ဟုတ်ပါတယ် ...
ဦးလေးက ဘယ်သူလဲ မသိဘူး....."

"ကျွန်တော်က ဦးသန့်ဇင်တို့
အိမ်က ကားဒရိုင်ဘာပါ....
ဦးသန့်ဇင်က ဒါလေး ပေးခိုင်းလိုက်လို့
လာပေးတာပါ......"

ဦးသန့်ဇင်ဆိုတာက မေမေ၏ မကြာခင်
လက်ထပ်တော့မည့် အချစ်ဦး။

"ရော့ ကလေး ...ရော့..."

ထိုဦးလေးကြီးက အသက်အရွယ်နှင့်
မလိုက်ဖက်စွာ ထူးထူးကို တရိုတသေ
ပြောနေတော့ နေတောင် မနေတတ်ချင်တော့။
ထူးထူး အထုတ်တွေကို လှမ်းယူလိုက်ကာ....

"ဟုတ်ကဲ့ ခင်ဗျ....
ဟို.... အိမ်ထဲ ၀င်ပါဦးလား.... ဦးလေး....."

"မဝင်တော့ပါဘူး ခင်ဗျ...
ကျွန်တော် ပြန်လိုက်ပါဦးမယ်...."

ဟု ပြောကာ ဦးညွှတ်ပြီး ရိုကျိုးနေတော့
ထူးထူး ခြေမကိုင်မိ လက်မကိုင်မိဖြစ်မိသည်။
ထိုဦးလေးကြီး ထွက်သွားတာ့မှ အထုတ်တွေ
သယ်ကာ အိမ်ပေါ် ပြန်တက်ခဲ့တော့ မေမေက
ဘုရားရှိခိုးပြီးလို့ ထလာတာနှင့် ကြုံလေသည်။

"မေမေ.. ၊ ဦးသန့်ဇင် အိမ်က ပို့လိုက်တာတဲ့....."

စားပွဲပေါ် အထုတ်တွေ ချကာ ပြောလိုက်တော့
မေမေက ထူးထူးဆီ လျှောက်လာပြီး....

"အော် ဟုတ်တယ် သားရေ... ၊
မနက်ဖြန်တွေ့ရင် ၀တ်ရအောင်
အဝတ်အစားတွေ ၀ယ်ထည့်ပေးလိုက်တာ ...
သား အတွက်ပါ ပါတယ်တဲ့... ကြည့်ကြည့်လေ....."

မေမေက ဝမ်းသာအားရ ပြောနေသော်လည်း၊
ထူးထူး စိတ်ပျက်ပျက်နှင့်..

"အဲ့လောက်ထိ လိုလို့လား မေမေရယ်... ၊
အိမ်မှာပဲ တွေ့မှာဆို ..?
ထူး တို့မှာလဲ အဝတ်အစားတွေရှိတာပဲ....
မသိရင် သူပေးမှ ၀တ်ရသလိုလိုနဲ့..."

ဒဏ္ရာWhere stories live. Discover now