.. ၁၀၅ ..
17.2K 1.8K 122
《Zawgyi》
အပိုင်း - ၁၀၅
[ငါ သူမကို ဘာလို့ လက်မလွှတ်နိုင်ရတာလဲ?]
Aမြို့၏ စက်တင်ဘာလ ညချမ်းရဲ့ အပူချိန်ဟာ အတော်လေး ကွဲပြားလှ၏။ ချန်းစီနျန်ဟာ ကားကို အနီးနားသို့ မောင်းလာပြီး ကားပြတင်းမှန်ကို ချလိုက်တော့ အေးစက်စက်လေက သူ့ကို တိုက်ခတ်လာသည်အား ခံစားနေရသည်။
သူက ခေါင်းကို မော့ကာ ထိုပြတင်းပေါက်မှတဆင့် အမှောင်ထုကို စိုက်ကြည့်နေ၏။ ထိုအချိန်အတွင်း၌ ရိပ်ခနဲမြင်ရသည့် အလင်းရောင် တစိုးတစေ့မျှတောင် ရှိမနေသေးချေ။
ချန်းစီနျန်ဟာ စီးကရက်တစ်လိပ်အား အမှတ်မထင် ထုတ်လိုက်ကာ ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကားထဲ၌ စီးကရက်ငွေ့တွေအား မှုတ်ထုတ် လွင့်ပါးစေလိုက်သည်။ သူ့ရဲ့ နက်ရှိုင်းလှသည့် မျက်ဝန်းတစ်စုံဟာ သူ ဘယ်အရပ်ကို ကြည့်နေသည်မှန်း မသေချာစွာ ရှေ့တူရှုကိုသာ စိုက်ကြည့်နေသည်။ သူ့အကြည့်က နင့်သီးကာ လေးနက်နေ၏။
ချင်းစုယွဲ့က သူမကို ဘာလို့ ကြိုက်တာလဲလို့ သူ့ကို မေးခဲ့ပေမယ့် သူ ပြန်မဖြေနိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူ ထိုမေးခွန်းအား ဘယ်တုန်းကမှ တွေးမကြည့်ခဲ့ဖူး၍ ဖြစ်သည်။ မိန်းကလေးတွေ အားလုံးထဲမှာမှ သူ ဘာလို့ သူမကိုပဲ လက်မလွှတ်ပေးနိုင်ရတာလဲ?
သူ ထိုအဖြေအား ချင်းစုယွဲ့အား ပြောခွင့်မသာခဲ့ပဲ ကံခေစွာဖြင့် သူ့ကုမ္ပဏီအသစ်မှာ စီမံကိန်းအသစ်တစ်ခုကို အောင်မြင်ဖို့ ကြိုးစားနေရစဉ်မှာ မော်ရွှီယွမ်က မတော်တဆ ထိခိုက်မှု တစ်ခုအား ဖြေရှင်းဖို့ သူ့ကို ခေါ်ဆိုလာခဲ့သည်။ သူ မရပ်မနားပဲ အပြေးအလွှား သွားရောက် ဖြေရှင်းနေရစဉ်တွင် ရှန်ဝမ်းယန့်က ချင်းစုယွဲ့ကို သွားရှာကာ သူမအား ရိုင်းပျစွာ သွားရောက် ပြောဆိုခဲ့လိမ့်မည်ဟုတော့ သူ ခန့်မှန်းထားခဲ့ပေ။
သူ Weiboက ဗီဒီယို ကြည့်နေရင်းနှင့် ဒေါသတွေတိုးလာရသည်။ သူမ ဘယ်လို ခံစားနေရလဲဆိုသည်ကို ချက်ချင်းပဲ တွေ့မြင်ချင်လိုလှ၏။
မီးမဖွင့်ထားသေးဘူး ဆိုတော့ သူမ အခုထိ ဘာမှမသိရသေးဘူးဆိုတဲ့ အဓိပ္ပါယ်မလား? ဘာကိုမှ မသိရသေးတာ ကောင်းတယ် ... သူမ မနိုးလာခင် သူ အကုန်လုံးကို ရှင်းလင်းထားလိုက်မယ်