.. ၁၀၆ ..
18.3K 2K 243
《Zawgyi》
အပိုင်း - ၁၀၆
[မင်းတစ်ယောက်ထဲ အတွက်ပဲ အရှက်မရှိတာပါ]
ရှန်ဝမ်းယန့်က ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး ..  ကျွန်မ မယုံဘူး .. ရှင် ကျွန်မကို သဘောကျတယ်လေ ..  တစ်စုံတစ်ယောက်ကို သဘောကျတဲ့ ခံစားချက်ဆိုတာက အလွယ်တကူနဲ့ ပျောက်ကွယ်သွားနိုင်တာမှ မဟုတ်တာ ... အားနျန် ကျွန်မ ဒီနှစ်တွေ နိုင်ငံခြားမှာ ရှိနေတုန်းက ရှင့်ကို တောင့်တနေတယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုနဲ့ပဲ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်လာတာ .. ရှင် အကြင်နာကင်းမဲ့မယ်လို့ ကျွန်မ မယုံဘူး ... ကျွန်မ မယုံကြည်ဘူး..." ရှန်ဝမ်းယန့်၏ မျက်ရည်တွေမှာ မိုးရွာသကဲ့သို့ ကျဆင်းနေ၏။
ချန်းစီနျန်က အခြားတစ်နေရာကို စိုက်ကြည့်နေဆဲပင် ဖြစ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ချင်းစုယွဲ့ ပြောတာ မှန်တယ် ... မင်းအတွက် အကောင်းဆုံးက ဘာလဲဆိုတာကို မင်း သိသင့်ပြီ"
ချန်းစီနျန် ထွက်သွားပြီးနောက် ရှန်ဝမ်းယန့်မှာ နှလုံးကွဲကြေမတတ် ငိုကြွေးလေ၏။
သူမ ဒီနိုင်ငံကို ပြန်ရောက်လာချိန်မှာ ဘယ်လိုလုပ်ပြီးတော့ ဒီအပြောင်းအလဲတွေ အားလုံးကို ပြင်ဆင်ဖို့အတွက် အချိန်မရှိတော့ရတာလဲ?!
ဟုတ်တယ် ချင်းစုယွဲ့က ... ရှီရှီ ချင်းစုယွဲ့အကြောင်းကို အမှန်အတိုင်း ပြောခဲ့တာပဲ ... ချင်းစုယွဲ့က ပြောင်းလဲသွားပြီ! ချင်းစုယွဲ့က ဒီလိုမျိုး မဖြစ်သင့်ဘူးလေ! မဖြစ်သင့်ဘူး!
ချန်းစီနျန်ဟာ စားသောက်ဆိုင်က ထွက်လာတော့ သူ့လက်ထောက်ကို ဖုန်းခေါ်လိုက်ပြီး ချင်းစုယွဲ့၏ တိုက်ခန်းနားသို့ ချက်ချင်းပင် ကားမောင်းထွက်လာကာ သူတို့နှစ်ယောက်အတွက် မနက်စာ ဝယ်သွားဖို့ကိုလည်း မမေ့လျော့ခဲ့ချေ။
ချင်းစုယွဲ့မှာ မနက်ခြောက်နာရီလောက်မှာ နိုးလာပြီး ခန်းစီးစရဲ့ ထောင့်နားလေးကို ဂရုတစိုက် လှစ်ဟ လိုက်ကာ အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည်။ ပုံမှန်မဟုတ်တဲ့ ဘယ်အရာကိုမှ သူမ မမြင်တွေ့ရချေ။