Zawgyi
" ကျွန်တော့်ကော ဘယ်မှာလဲ .. "
" သူ .. သူ က .. "
အယောင်ယောင်အမှားမှားနဲ့ ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေတဲ့ ထိုသူ့ကို .. ပုခုံးကနေ တွန်းဖယ်လို့ အိမ်ထဲပြေးဝင်လိုက်သည် .. ၊၊
" ကော .. ကျွန်တော် လာတယ် ..
ကော .. ခင်ဗျား ဘယ်မှာလဲ ... "
တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ရှာပေမယ့် ကောကို ရှာမတွေ့ .. ၊၊
ဖွားယူလာတဲ့ဖုန်းထဲက ဗီဒီယိုအတိုလေးကိုကြည့်ပြီး ဘယ်လိုမှ မခံစားနိုင်လို့ အိမ်ကို ချက်ချင်းပြန်လာခဲ့ပေမယ့် ကောက ရှိမနေခဲ့ .. ၊၊
သနားစရာ ကော ..
ဘာဖြစ်လို့များ ဒီအကြောင်းတွေ သူ့ကို ပြန်ပြီးမပြောပြခဲ့ပါလိမ့် .. ဘာကြောင့်များ တမင်နိုပ်စက်နေမှန်းသိရဲ့နဲ့ ငြိမ်ခံနေခဲ့ပါလိမ့် .. သူနဲ့ဝေးရမှာ ကြောက်လို့ဆိုရင်တော့ သူကောအပေါ် အရမ်းမတရားရာကျနေပြီ ..
အနားမှာရှိနေစေချင်တာ တစ်ခုကိုပဲတွေးပြီး ဘယ်လိုအနေအထားနဲ့ ရှိနေရတယ်ဆိုတဲ့ ကောဘက်ကိုတော့ လုံးဝတွေးမပေးခဲ့မိဘူး .. ၊၊
သူ တကယ်ကြီး ကောအပေါ် မတရားခဲ့ပါဘူး .. ၊၊
" ကော .. "
တွေ့ပါပြီ .. ၊၊
အိမ်နောက်က ခြံတံခါးထောင့်မှာ ကျုံ့ကျုံ့လေးထိုင်လို့ .. ပါးစပ်ကို လက်ဖ၀ါးနဲ့ ဖိပိတ်ထားရင်း .. ရှိုက်ငိုနေပုံက သူ့နှလုံးသားကို တစ်စစီ ဆွဲဆုတ်နေသလိုမျိုး .. ၊၊
သူ့ခေါ်သံကြောင့် ဖြစ်မည် .. ၊၊
ကောက နောက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာသည် .. ၊၊
မျက်နှာတစ်ခုလုံး မို့အစ်နေပြီး မျက်ဝန်းအစုံဟာ နီရဲလို့ .. မျက်ရည်တွေလဲ ရွှဲနစ်လို့ ..
ကောက ဒီလောက်ထိ နာကျင်ပြိုလဲနေခဲ့တာတောင် သတိမမူမိဘဲ စိတ်ကောက်နေခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိတော့သည် .. ၊၊
STAI LEGGENDO
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...
