Part-11 ( Unicode)

5.3K 459 1
                                    

ညနေ အိမ်ပြန်ရောက်တော့
ကားမောင်းသင်ပေးမယ်ဆိုတဲ့  ဒရိုင်ဘာက
ပျောက်နေပီး အာဏာမင်းဆက်က
အိမ်ကို ရောက်ချလာလေသည်။

သူ သင်ပေး မှာတဲ့. . ဘုရား.. ဘုရား....။

"အာဏာက... ဘာလို့ သင်ပေးမှာလဲ...?
အန်ကယ် ပြောတော့...."

"ကို သင်ပေးမယ်လို့ အန်ကယ့်ကို ပြောပြီးသား....
လာပါ.. တက်.. ဘာမှ မဖြစ်စေရဘူး...
ရှင်းတဲ့ နေရာကို သွားမှာ...."

တက်ဆိုသော ကားက ထူးထူး အတွက်
၀ယ်ပေးထားတဲ့ ကားမဟုတ်ပဲ၊
အာဏာမင်းဆက်၏ ကားဖြစ်နေတာကြောင့်

"ဟို ဒီကားနဲ့သင်မှာလား...??
တော်.... တော်ကြာ ထိမိ   ခိုက်မိ....."

"ဒီကားက ကို့ကားပဲလေ ဘာမှမဖြစ်ဘူး... ၊
တက်ပါ... မိုးချုပ်သွားလိမ့်မယ်...."

ထူးထူး ကားပေါ်တက်လိုက်တော့ သူက
ထိုင်ခုံ ခါးပတ်ပတ်ပေးပြန်သည်။
သူ ထူးထူးအနားကို ကပ်လာတိုင်းဘယ်လိုကြီး
ခံစားရမှန်းမသိ၊ သူ့ထံမှရတဲ့ အမွေးနံ့
သင်းသင်းလေး တစ်ခုကိုတောင်
ထူးထူး မှတ်မိနေပြီဖြစ်သည်။

"ကဲ ... ကားမောင်းသင်လို့ အကောင်းဆုံး
နေရာကို ခေါ်သွားပေးမယ်...."

"ဟုတ်... သီချင်းသံလေးတော့
နည်းနည်းလျှော့ပေးနော်...."

"ဟဟဟ... ဟုတ်ကဲ့ပါဗျ....
အမိန့်တော်မြတ်အတိုင်းပါ...."

သူခေါ်လာတဲ့ နေရာက သူပြောသလို
ကားရှင်းတာမှ တစ်စီးမှ မရှိသော
နေရာတစ်ခုဖြစ်နေသည်။
ဒီလို နေရာကို ဘယ်လိုတောင် ရှာထားလဲ မသိ။
အာဏာမင်းဆက် ကားပေါ်မှ ဆင်းသွားတော့
ထူးထူးလဲ ယောင်တောင် ပေါင်တောင်
လိုက်ဆင်းမိသည်။ ဘာလုပ်မလို့လဲပေါ့....၊
သူက ကားမောင်းသူ နေရာကို ၀င်ရန်
ထူးထူးကို လက်ပြတော့ ထူးထူး
အင်တင်တင် ဖြစ်နေသေးသည်။

တစ်သက်နဲ့ တစ်ကိုယ် ကားမောင်းဖို့
မပြောနဲ့၊ ဒီလို ကားမျိုးတောင် တစ်ခါမှ
စီးဖူးတာ မဟုတ်။

"အန် တက်ရတော့မှာလား..?...."

"ဒါပေါ့... မကြောက်ပါနဲ့.. ၊
ကိုရှိပါတယ်..
ဒီမှာ ဘာကားမှ မရှိဘူး အေးဆေး..."

ဒဏ္ရာWhere stories live. Discover now