Part-15 (Unicode)

5.4K 449 3
                                    

ဝရန်တာတွင် နှစ်ယောက်သားရပ်နေမိရင်း
ရုတ်တရက် တံခါး ခေါက်သံကြားတော့
အာဏာက ထူးထူးကို လှမ်းအကြည့်..၊
ထူးထူး သူ့အား ကြည့်နေသော အကြည့်ကို
အမြန်လွှဲလိုက်ကာ....

"သွားတော့မယ် ထင်တယ်..."

ဟူ၍ ပြောရင်း အခန်းထဲ ပြန်ဝင်ခဲ့လိုက်ပြီး.
တံခါး သွားဖွင့်ပေးလိုက်တော့ တံခါးဝတွင်
မော်လမင်းဟန် ရပ်နေတာကို တွေ့လိုက်ရသည်။

သူ ရပ်နေတာက အံ့သြစရာကိစ္စတစ်ခု
မဟုတ်သော်လည်း ၊ အံ့သြစရာ ကိစ္စတစ်ခုက.......

သူ ထူးထူးကို ပြုံးပြနေခြင်းပင်။
သူ ဘာကြောင့် ပြုံးနေရတာလဲ။
တစ်လျှောက်လူံး ထူးထူးအား
မသိချင်ယောင်ဆောင်လာတဲ့ သူက....

"အဆင်သင့်ဖြစ်ပြီလား...?

ဟူ၍ ထူးထူးကိုသာ ရည်ညွှန်း၍ မေးလိုက်သော
မေးခွန်း ကြောင့် ထူးထူး ထပ်မံ ဆွံအသွားရသည်။
သူ ထူးထူးကို အဖက်လုပ်ပြီး ပထမဆူံး
စကားပြောခြင်းပင်..

"မော်.... ထွက်လို့ရပြီလား....၊
ငါတို့ ဆင်းခဲ့မယ်...."

ဟူ၍ အခန်းတွင်းမှ အာဏာက
လှမ်းအော်ပြောတော့ မော်က ခေါင်းညိတ်ကာ...

"အေး ရပြီ...၊.ငါ အောက်မှာ စောင့်နေမယ်..."

ဟုပြောကာ မော်ထွက်သွားတော့ ထူးထူး
နေရာမှာပင် ကြောင်ရပ် နေတုန်း၊

"ထူး.... ၊ ဒါ အကုန်ပဲလား..?."

အဝတ်အစား ထည့်ထားသော ကျောပိုးအိတ်
လေးကို မရင်း အာဏာက လှမ်းမေး
လိုက်တာကြောင့် ထူးထူး လှည့်ကြည့်ပြီး...

"ဟုတ်တယ်...၊
အယ်..... အာဏာ ပေးပါ၊
ထူး ဘာသာ သယ်ပါ့မယ်....."

"ရပါတယ်... ဒီလောက်ပေါ့ပေါ့လေးကို...၊
အဝတ်အစားရော ပါရဲ့လား...."

ဟူ၍ပင် သူက စနေလိုက်သေးသည်။
ထူးထူး ပြုံးလိုက်ကာ... အခန်းပြင်သို့
ထွက်သွားသော အာဏာ့နောက်လိုက်ခဲ့လိုက်သည်။

အာဏာနှင့် ထူးထူးကြားမှာ အနေရခက်တာတွေ
မဖြစ်ရအောင် အာဏာက ထူးထူးအား
ဆက်ဆံပေးလေသည်။
ထိုကြောင့်လဲ သူနဲ့ ရှိနေရတဲ့ အချိန်များတွင်တော့
စိတ်ထဲ အနည်းငယ်ပေါ့ပါးတာ အမှန်ပင်...။

ဒဏ္ရာWhere stories live. Discover now