အာဏာက ဆေးသွားဝယ်ပြီး ပြန်လာတော့
ခွန်းသော်၏ အခန်းထဲ ၀င်သွားပြီး
ပြန်ထွက်မလာသေး...ထူးကတော့ ခြံထဲတွင် ပန်းချီ ထိုင်ဆွဲနေဖြစ်သည်။
"ထူးရေ... ဒါလေး ခွန်းသော် အခန်းထဲ
သွားပို့ပေးပါဦး...
ညနေ သောက်ရမယ့် ဆေးလို့ ပြောလိုက်နော်..."မေမေက အိမ်ထဲကနေ လှမ်းခေါ်သဖြင့်
ထူးထူး ပြေးသွားလိုက်ကာ ဆေးဗူးလေးယူပြီး
အိမ်ပေါ်ပြန်တက်ခဲ့သည်။
အာဏာမင်းဆက်ကို ပြန်မြင်ရမှာတောင်
ရင်ခုန်နေသလို..။"ထူးထူးကိစ္စမှာ အာဏာနိုင်မယ်လို့ ထင်တာပဲ..."
ပုံမှန် အမြဲတမ်း ပိတ်ထားသော ခွန်းသော်၏
အခန်းတံခါးက အနည်းငယ် ခပ်ဟဟ
ပွင့်နေတဲ့အချိန်မှာ ၊ အခန်းထဲမှ ထူးထူး
နာမည်အား တပ်ပြောလိုက်သော ခွန်းသော်၏
စကားသံကို အတိုင်းသား ကြားလိုက်ရသဖြင့်
ထူးထူး မဝင်ဖြစ်သေးပဲ ခြေလှမ်းတို့
တုံ့ခနဲရပ်ကာ နားစွင့်နေမိသည်။"ဘာလို့လဲ....?"
မော်က မေးလိုက်ခြင်းဖြစ်သည်။
ခွန်းသော်က.."စစ်ကိုင်းမှာ ရိပ်မိတာတော့ ထူးထူးသော်ရဲ့
စိတ်ထဲမှာ သေချာပေါက် အာဏာ ရှိနေပြီ...၊
သေချာတယ် အာဏာပဲ နိုင်မှာ..."သူတို့ ဘာတွေပြောနေကြတာလဲ?
သူတို့ ပြောတာတွေ ထူးထူး နားမလည်သေး....။"အာဏာ... ၊ မင်း ထူးထူးသော် ဆီက အဖြေရရင် ချက်ချင်း မဖြတ်နဲ့ကွာ၊ ခဏလောက်တော့တွဲ၊
ပြီးမှ ဖြတ်.၊.အဲ့တာမှ ပိုအရသာရှိမှာ......"ခွန်းသော်ဆီမှ ထွက်လာသောစကားတွေက
ယုံနိုင်စရာတောင် မရှိ..၊ ထူးထူးရင်ထဲ
ဝမ်းနည်မှုများ လှိုက်ခနဲတက်လာရသည်။"အာ... မတွဲပါဘူး.. ၊ ငါက ဘာကိစ္စတွဲရမှာလဲ...!."
ဘယ်လို.?
နောက်ဆူံး အာဏာမင်းဆက် ပြောလိုက်သော
စကားက ထူး၏ နှလုံးသားကို စူးနင့်သွားစေသည်။
သူပြောနေတာ တကယ်ကို ပစ်ပစ်ခါခါ....မော်က...
"ငါတို့ ပြိုင်ပွဲက ခုမှ သူံးလကျော်ကျော်စွန်းစွန်း
လေးပဲ ရှိသေးတာ ၊ အာဏာနိုင်မယ်လို့ ဘာလို့
ယူဆနေတာလဲ..၊ "
YOU ARE READING
ဒဏ္ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်