Part-22 (Unicode)

5.6K 510 12
                                    

Club အတွင်းသို့ ပြန်ဝင်လာစဉ်၊
ခွန်းသော်တို့ဝိုင်းတွင် ထူးထူး တစ်ယောက်ထဲ
ထိုင်နေပြီး၊ သူ မျက်စိပျက် မျက်နှာပျက်နှင့်
လှမ်းကြည့်နေသော နေရာကို ခွန်းသော်
လိုက်ကြည့်လိုက်ချိန်၊ မြင်လိုက်ရသော
မြင်ကွင်းက ၊ ကိုယ့်မျက်လူံးကိုယ်ပင် မယုံနိုင်။

Dancing floor တွင် အနောက်မှ လူတစ်ယောက်က
ခါးကို သိုင်းဖက်ထားကာ ကနေသော အသူရာ...။
ထိုလူ၏ မျက်နှာက အသူရာ့ရဲ့ ပါးတွေကို
ကပ်ထားလျှက်...။

ထိုမြင်ကွင်းက ဘာကြောင့်များ ခွန်းသော်
ရင်ဘတ်တစ်ခြမ်း အား ဆစ်ခနဲ
နာကျင်စေရသနည်း။

နေရာမှာတွင် မလှုပ်မရပ် ရပ်နေမိကာ
အသူရာ့အား စူးစိုက်ကြည့်နေမိစဉ်၊
မော်က အနားကပ်လာကာ.

"အသူရာ့ ရည်းစားထင်တယ်၊
ဒီကောင်လေးက စွံသားပဲ.... "

ဟူ၍ ဆိုကာ ဘေးမှ ဖြတ်သွားသည်။

ခွန်းသော် ဦးခေါင်းတစ်ခုလူံး နောက်ကျိကာ၊
ရင်ဘတ် တစ်ခုလူံး မွန်းကျပ်လာတာကြောင့်ရော...၊
ထိုမြင်ကွင်းကို ဆက်မြင်ချင်စိတ်
မရှိတော့တာကြောင့်ရော...၊
အာဏာတို့ဆီ လျှောက်သွားလိုက်ရင်း..

"ငါပြန်တော့မယ်၊ နေလို့သိပ်မကောင်းလို့......"

ဟု ဆိုလိုက်တော့ အာဏာက ထိုင်နေရာမှ ထလာကာ.

"ဟုတ်လား.. အဆင်ပြေရဲ့လား..?."

"အင်း..."

မော်ကလဲ ထလာကာ....

"တစ်ယောက်ထဲ ကားမောင်းလို့ဖြစ်ရဲ့လား....?

"ဖြစ်တယ်... ငါသွားပြီ..."

ဘယ်သူ့ကိုမှ ဘာမှ ဆက်မပြောချင်တော့တာကြောင့် clubထဲမှ အမြန်ဆူံးထွက်ခဲ့လိုက်သည်။

ငါ ဘာတွေဖြစ်နေတာလဲ ၊ ဘာကြောင့်များ.... ။

ကားဆီသို့ ရောက်အောင်တောင် ခြေလှမ်းတွေကို
မနည်းမှန်အောင် ကြိုးစားနေရသည်။

...........

ကားပေါ်ရောက်သည် အထိ ၊ ကားကို
မထွက်နိုင်သေးပဲ၊ စတီယာတင်အား
ခေါင်းငိုက်စိုက်ချကာ မှီထားရင်း မျက်လူံးတို့
ခတ္တမျှ မှိတ်ထားမိသည်။

ဒဏ္ရာWhere stories live. Discover now