Part-27 (Unicode)

5.7K 499 2
                                    

"ထူး ဒီနေ့ ဘယ်သွားချင်သေးလဲ...?"

ထူး ဘာမှ ပြန်မဖြေတော့ အာဏာက
ထူး၏ လက်ကို လာကိုင်ကာ..

"ထူး...."

"ဟင်...?"

"ထူး ဒီနေ့ ဘယ်သွားချင်သေးလဲလို့ .?
ကိုလိုက်ပို့ပေးမယ်လေ...."

ထူးထူး အာဏာ့ကို ကြည့်မိတော့ ပကတိ
ရိုးရှင်းတဲ့ အပြုံးတွေကို မြင်နေရသည်။
ဒီအပြုံးတွေက ရဲ့ နောက်ကွယ်မှာ
ရက်စက်မှုတွေပါနေတာကို မသိခဲ့ပါလျှင်၊

"အာဏာ...."

"အင်း ပြောလေ.. "

သူရဲ့ နူးညံ့ညင်သာလှသော အသံ...

"ထူးကို ဘယ်လောက်ချစ်လဲဟင်...?"

ထူးထူးဆီက ထင်မှတ်မထားတဲ့မေးခွန်းကို
ကြားလိုက်ရတော့ အာဏာ အဖြေကင်းမဲ့နေသည်။
ထူးထူးက အာဏာ့ကို သေချာစွာ စိုက်ကြည့်နေတုန်း အာဏာ ပြုံးလိုက်ကာ...

"အဲ့မေးခွန်းအတွက် တိကျတဲ့ အဖြေ ၊
ကို့မှာ မရှိဘူး.. ၊အချစ်ဆိုတာ တိုင်းတာလို့
ရတဲ့ အရာမှ မဟုတ်တာ...."

အာဏာ၏ အဖြေစကားအဆုံးတွင်
ထူးထူး မျက်ရည်တွေ ၀ဲတက်လာသည်ကို
မြင်လိုက်ရသည်။

"ထူး....!!"

အာဏာ ခေါ်လိုက်တော့ ထူးက ခေါင်းကို ငုံ့သွားသည်။
ဖြေတာ မှားသွားလို့လား...။

ထူးထူးကို ဘယ်အချိန်ကျမှ ဖြတ်ဖို့ ရည်ရွယ်ထားလဲ အာဏာ... ?၊ အဲ့အချိန်ထိစောင့်နိုင်ဖို့ က ထူးထူးမှာ အင်အားတွေ ကုန်ခမ်းနေပြီ ဆိုတာ သိရဲ့လား.?.။

"ကို ထူးကို အများကြီးချစ်ပါတယ်..၊
ပြောမပြတ်တတ်လောက်အောင်ချစ်လို့
အဖြေမရှိတာပါ ထူးရယ်...
စိတ်မကောင်းမဖြစ်နဲ့နော်..."

ထူးထူး ထိန်းထားတဲ့ကြားက
မျက်ရည်တစ်စက် တောက်ခနဲ ကျသွားရသည်။

"ဟာ.. ထူးရယ် ဘာလို့ ငိုနေတာလဲ...?
မငိုပါနဲ့နော်...၊ လာ စားလို့ ပြီးရင် ထ..
စိတ်ပြေလက်ပျောက် တစ်နေရာ
သွားရအောင်လေနော်... "

သူနဲ့ရှိနေသရွေ့ စိတ်ပြေလက်ပျောက်ဆိုတာ
ဖြစ်လာမှာမှ မဟုတ်တာ...
ထူးထူး ခေါင်းခါလိုက်ကာ....

ဒဏ္ရာWhere stories live. Discover now