.. ၁၁၁ ..
17.1K 1.7K 100
《Zawgyi》
အပိုင်း - ၁၁၁
[သူမက အရမ်း ထူးခြားလွန်းတာလား? ဒါမှမဟုတ် အကြောက်အလန့် မရှိတာလား? - ၂]
ချင်းစုယွဲ့မှာ ထိုနေရာတွင် ဆက်မနေရဲတော့ပဲ သူမရဲ့ မျက်နှာကိုတောင် ကွယ်ထားနိုင်လောက်သည့် နှင်းဆီပန်းစည်းကြီးကို ယူလာခဲ့၏။ သူမရဲ့ ရုံးခန်းထဲသို့ ရောက်အောင် ခြေလှမ်းတွေကို ကသုတ်ကရက် ခပ်သွက်သွက် လျှောက်သွားမိသည်။ ချင်းစုယွဲ့ သူမရဲ့ ရုံးခန်းထဲပြန်ရောက်လို့ ထိုင်လိုက်မိသည့် ခဏမှာပဲ သူမ၏ဖုန်း၌ ချန်းစီနျန် ခေါ်ဆိုနေကြောင်း ပေါ်လာခဲ့၏။
ချင်းစုယွဲ့ဟာ ထိုအကြောင်းကို တွေးကြည့်လိုက်ပြီး ဖုန်းကို မကိုင်ပဲ ချပစ်ကာ ချန်းစီနျန်၏ နံပါတ်ကိုပါ အခိုင်အမာပင် ဘလော့လိုက်လေသည်။ သူမက ဂုဏ်ယူဝံ့ကြွားစွာဖြင့် လက်ပ်တော့ကို ဖွင့်လိုက်ချိန်မှာပဲ ဖုန်းက နောက်တစ်ခါ ဝင်လာခဲ့ပြီး ဒီတစ်ကြိမ်တွင်တော့ နံပါတ်စိမ်းတစ်ခု ဖြစ်နေ၏။ ချင်းစုယွဲ့က ချီတုံချတုံ ဖြစ်နေမိပြီးမှ ဖုန်းကိုင်လိုက်သည်။ "ဟယ်လို ... ချင်းစုယွဲ့ပါရှင်"
"ပန်းတွေ ရပြီးပြီလား? မင်း ကြိုက်ရဲ့လား?"
"ရှင်--" ချင်းစုယွဲ့မှာ ထိုချန်းစီနျန်က အခွင့်အရေးကို အမိအရ ရှာဖွေယူတတ်သူ ဖြစ်ကြောင်း ခံစားမိရ၏။ "ကျွန်မ မကြိုက်တာမို့ နောက်ကျရင် ကျွန်မကို မပို့ပေးပါနဲ့တော့"
"မိန်းကလေးတွေ မကြိုက်ဘူးလို့ ပြောရင် တစ်ကယ်က ကြိုက်လို့ပဲ"
"ရှင် .. ချန်းစီနျန် ကျွန်မ ရှင်နဲ့ ဒီအကြောင်း ဆက်မပြောချင်တော့ဘူး ... ပြီးတော့ နောက်ထပ် ဖုန်းထပ်မခေါ်နဲ့တော့ ... ကျွန်မ လုပ်စရာအလုပ်တွေ ရှိသေးတယ်"
"ကိုယ်တို့ နေ့လည်စာ အတူ သွားစားကြမယ်ဆိုရင်တော့ မင်းကို မနှောင့်ယှက်တော့ပါဘူး"
ချင်းစုယွဲ့က တွေဝေခြင်းအလျဉ်းမရှိပဲ ပြန်ဖြေလေ၏။ "မစားချင်ဘူး" ထိုသို့ပြောလိုက်ပြီးနောက် အလျင်အမြန်ပဲ ဖုန်းချလိုက်တော့၏။
အဆုံးမှာတော့ ဖုန်းက နောက်တစ်ကြိမ် ထပ်မြည်လာပြန်သည်။ ချင်းစုယွဲ့မှာ သူမရဲ့ဖုန်းကို စက်ပိတ်ထားလိုက်လေတော့၏။