Ep-25

1K 98 0
                                    


♥Unicode♥

လေဆိပ်ရောက်တော့ I Love My Family ဆိုတဲ့ဘုတ်လေးယူပြီးပြေးသွားလေရဲ့... ကျနော် ကိုတော့​စကားမပြော

Omma တို့ရောက်လာတော့လဲ သူတို့နဲ့သာစကားပြောပြီး လူကိုအဖတ်မလုပ်

နည်းနည်းတော့တင်းလာပြီ... ဘာမဟုတ်တဲ့ ကိစ္စ​လေးကိုစိတ်ဆိုးနေရတယ်လို့... တစ်ခါတစ်လေတော့လဲ ယုံကြည်ချက်တွေပါပျောက်ဆုံးကုန်တယ်.... မင်းချစ်တာသေချာရဲ့လားကလေးရယ်....

မိသားစုစကားဝိုင်းထဲ​လက်ဆုံကျပြီး ပျော်မြူးနေတဲ့ကလေးမကို ထိုင်ပြီးသာငေးနေတော့သည်။
ဟုတ်သား... သူပျော်နေမှာပေါ့ ဒီလိုမိသားစုစုံစုံလင်လင်စကားပြောရတာ သူမအတွက် ဒါပထမဆုံးအကြိမ်ပေကိုး...

ကျွန်တော့်မှာ​တော့​ဘာစကားမှဝင်မပြောမိဘဲ ရှေ့ကနေ သွားသုံးဆယ့်ရှစ်ချောင်လုံးပေါ်အောင်သွားဖြီးနေတဲ့ကလေးမကိုသာ လစ်ရင်လစ်သလိုငေးရသည်။ မြင်သာမြင်​မကြင်ရတဲ့ဘဝဆိုတာ ကျွန်တော့်များရွဲ့ပြောထားသလားမသိ

မင်္ဂလာဆောင်ပြီးကတည်းက Jiji ကမထိတထိလာလာစပြီး မသိခြင်ထောင်ထောင်ကာ ထွက်ထွက်သွား နောက်ကကျန်ခဲ့တဲ့ကောင်ကအရူးကြီးကိုဖြစ်လို့.....

ညစာစားပြီးကတည်းက မိသားစုစကားဝိုင်းစလိုက်တာ နံနက်တစ်နာရီလောက်မှ စကားတွေလက်စဖြတ်ရင်း​နောက်နေ့မှထပ်ပြောကြပါတားယူရတဲ့အထိ....

တစ်နေကုန်ပင်ပန်းထားတာဆိုတော့ လူကဂါနေပြီ အိပ်ချင်စိတ်ကိုမနည်းထိန်းရင်း ကလေးမဘက်ကြည့်တော့ ငိုက်နေတာ သွားရည်တွေတောင်ကျလို့.... အာစ်း... ချစ်စရာလေး​ကွာ... အိပ်ငိုက်နေတာများချယ်ရီသီးလေးကျလို့... အာခေါင်ထဲထည့်ငုံထားချင်စရာလေး.... အတွေးဇိုးနဲ့ကြိတ်ပြုံးပြီး

"Jiji ထတော့ အခန်းထဲသွားအိပ်"

"ဟင်.... ပြန်ကုန်ကြပြီလား"

အိပ်ချင်မူးတူးရုပ်နဲ့​ နှုတ်ခမ်းလေးဆူပြီးပြောနေတဲ့ကလေးမကို​အသည်းယားပြီး စိတ်ထဲကအကြိမ်ကြိမ်ပစ်မှားမိပေမယ့် လက်တွေ့ဘဝကြီးမှာတော့ အသားတောင်မထိရဲ...

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now