Chapter 375

1.3K 142 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၉ )

Chapter-14

(အားလုံးကို မင်းတို့တွေ ပြောပြီးသွားကြပြီ)

"ဒါပေါ့... ကျုပ်လုပ်ပေးနိုင်တယ်... ဒါပေမဲ့ ဒီနေရာမှာတော့ မလုပ်နိုင်ဘူး... အဆင်ပြေလား....."

ယီယွမ်က သူ့အား မျောက်တစ်ကောင်ကဲ့သို့ ကြည်နေခြင်းမျိုးကို မဖြစ်စေလိုပေ။

တာဝန်ခံထုံက ခေါင်းညိတ်လိုက်ပြီး ယီယွမ်ကို အခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

"ဒီနေရာမှာဆို အဆင်ပြေပြီလား... လူငယ်လေး....."

ယီယွမ်က ခေါင်းကို အသာအယာညိတ်လိုက်၏။ ခမ်းနားထည်ဝါသော စိတ်ဝိညာဉ်ခွန်အားက ထွက်ပေါ်လာခဲ့သည်။

ယီယွမ်၏ စိတ်ဝိညာဉ်ခွန်အားကို အာရုံခံမိပြီးနောက် တာဝန်ခံထုံ၏ မျက်နှာအမူအရာက ကူရာကယ်ရာမဲ့စွာဖြင့် ပြောင်းလဲသွားခဲ့၏။

"အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်

ဂရန်းမာစတာ....." တာဝန်ခံထုံက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

အဆင့်(2) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်သို့ ချိုးဖျက် တက်ရောက်ပြီးနောက်

ယီယွမ်၏

စိတ်ဝိညာဉ်ခွန်အားက အဆင့်နိမ့်မှော်ဆေးပညာရှင် ဂရန်းမာစတာ အဆင့်တစ်ခုလုံးကို တိုက်ရိုက်ကျော်ဖြတ်သွားပြီး အလယ်အလတ်အဆင့် မှော်ဆေးပညာရှင် ဂရန်းမာစတာတစ်ယောက် ဖြစ်လာခဲ့ပေ၏။

"တာဝန်ခံထုံ... ဧည့်အကျိုးဆောင်အဖြစ် တာဝန်ယူဖို့အတွက် ကျွန်တော့်မှာ အရည်အချင်း ပြည့်မီလားဆိုတာကို သိလို့ရမလား....." ယီယွမ်က အပြုံးတစ်ခုဖြင့် မေးမြန်းလိုက်သည်။

ထိုအချိန်မှသာ တာဝန်ခံထုံက သတိပြန်ဝင်လာခဲ့ပြီး ပြောဆိုခဲ့၏။ "ဒါပေါ့... တကယ်လို့ မင်းက စမ်းသပ်ချက်ကို မအောင်မြင်ခဲ့ရင်တောင် မင်းကို ခေါ်ယူဖို့ ငါက မိသားစုခေါင်းဆောင်ကြီးကို တောင်းဆိုပေးမယ်....."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now