Chapter 378

1.2K 143 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၃၀ )

Chapter3

(ဒီဟာက ကြွားလုံးထုတ်တဲ့ ကျွမ်းကျင်မှုပဲ)

ရှောင်ရူယန်က မျက်မှောင်ကုတ်
သွားခဲ့သော်လည်း မည်သည့်စကားကိုမှ မပြောခဲ့ပေ။

ယီယွမ်က ပြုံး၍ ပြောလိုက်သည်။ "လူတစ်ယောက်က ကိစ္စတွေကို လေ့လာချင်တယ်ဆိုရင် နားလည်နိုင်တဲ့အစွမ်း ရှိဖို့လိုအပ်တယ်… မင်းရဲ့အရည်အချင်းက တော်တော်နိမ့်ကျလို့ မင်းကဘယ်အရာကိုမှ သင်ယူနိုင်မှာ မဟုတ်ဘူး….."

ချိုးကျစ်၏ မျက်နှာက နက်မှောင်သွားခဲ့သည်။ "ပြုံးထားစမ်း… တော်တော်လေးကြာတဲ့အခါ မင်းပြုံးနိုင်ပါစေလို့ ငါမျှော်လင့်ပါတယ်… မင်းက အဲဒီဆေးလုံးကို မဖော်စပ်နိုင်ဘူးဆိုရင် မင်းရဲ့ဘဝတစ်သက်လုံး ဆေးလုံးကျေးကျွန် တစ်ယောက်အဖြစ် နေထိုင်ရတော့မဲ့အဖြစ်က စောင့်ဆိုင်းနေတယ်နော်….."

ယီယွမ်က သူ့ကို အဖက်လုပ်ပြီး စကားပြောခဲ့ခြင်း မရှိပေ။ သူက ဆေးအိုး၏ဘေးသို့ သွားရောက်ခဲ့၏။

ချက်ချင်းပင် ယီယွမ်၏ ခန္ဓာကိုယ်မှ အော်ရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

စောစောလေးက လက်ဖွာပြီး
အသုံးအဖြုန်းကြီးသည့် လူငယ်တစ်ယောက်၏ အော်ရာအချို့ရှိနေခဲ့၏။ သို့သော်ယခု ထိုအော်ရာက ပင်လယ်တစ်ခုကဲ့သို့ နက်ရှိုင်းသွားခဲ့ပြီး အပြင်ဘက်ကမ္ဘာကြီးမှ မည်သည့်အရာမဆို သူ့အားထိခိုက်စေနိုင်ခြင်း မရှိတော့သည်နှင့် တူနေခဲ့ပေသည်။

သူနှင့်မနီးမဝေးနေရာတွင် ရှိနေခဲ့သော်လည်း ခြားနားသောကမ္ဘာနှစ်ခု ဖြစ်နေခဲ့ပုံရ၏။

ရှောင်ရူယန်၏ မျက်နှာအမူအရာက အလိုအလျောက်ပင် ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပင် သူမ၏ သိမ်ငယ်သွားသော စိတ်အခြေအနေကို ဖယ်ရှားလိုက်ပေသည်။

ထူးချွန်သူများက သူတို့၏ သိုင်းကွက်များ ထုတ်ခဲ့ချိန်တွင် အစစ်အမှန်နှင့် အတုအယောင်က တစ်ချက်ကြည့်လိုက်ရုံဖြင့် သိသာနေခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now