Chapter 387

1.2K 139 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၃၀ )

Chapter12

(ရှောင်ရူယန် ရှုံးနိမ့်သွားတာလား)

ယီယွမ်၏စကားများက အားပေးနေသည်နှင့် တူလှသော်လည်း သူမက မည်သို့ပင် ကြည့်နေစေကာမူ ထိုစကားများက ရိုးသားမှု

လိုအပ်နေပေသေး၏။

သို့သော် မည်သည့်အတွက်

ကြောင့်မှန်းမသိခဲ့ရဘဲ ရှောင်ရူယန်၏ မူလက တင်းကြပ်နေသော ခံစားချက်များက ယီယွမ်၏ အားပေးတိုက်တွန်းမှု အောက်တွင် အမှန်တကယ် တည်ငြိမ်သွားခဲ့သည်။

သူမက ယီယွမ်ဆီသို့ တစ်ချက်လှမ်းကြည့်ခဲ့ပြီး ယှဉ်ပြိုင်မှုနေရာဆီသို့ ဝင်ရောက်သွားခဲ့ပေ၏။

"ဟက်… ခွင့်ပြုပေးခဲ့တဲ့အတွက် ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ပါ….." ယီယွမ်က မကျေမချမ်းဖြင့် သူတစ်ယောက်တည်း တီးတိုးပြောဆိုလိုက်သည်။

ဤအချိန်တွင် မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့် တစ်ယောက်က ပြိုင်ပွဲကျင်းပရာနေရာသို့ ရောက်လာခဲ့၏။ သူက စည်းကမ်းထိန်းသိမ်းရေး တာဝန်ယူထားသည်မှာ သိသာခဲ့ပြီး နောက်ဆုံး အဆုံးအဖြတ်က ယန်ရှို့နှင့် အခြား မှော်ဆေးပညာရှင် ဘုရင်များအပေါ် မူတည်နေသည်။

ဧကရာဇ်

ကြယ်တာရာချောက်က တစ်ရေးအိပ်နေဟန်ဖြင့်  သူ၏မျက်လုံးများကို အစကတည်းက ပိတ်ထားခဲ့ပြီး ဤနေရာရှိ အရာအားလုံးက သူနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ ရှိနေခဲ့ပေ၏။

"ပထမပွဲက ဆေးလုံးဖွဲ့စည်းပုံတွေ ယှဉ်ပြိုင်ခြင်းပဲ… အခု စိတ်ဝိညာဉ် ဆေးဖက်ဝင်ပစ္စည်းတွေ အမျိုးတစ်ရာကျော် ယူဆောင်လာလိမ့်မယ်… မင်းတို့နှစ်ယောက်က ဒီစိတ်ဝိညာဉ် ဆေးဖက်ဝင်ပစ္စည်း အမျိုးတစ်ရာကို အမျိုးအစားခွဲခြားပြီး အဲဒီစိတ်ဝိညာဉ် ဆေးဖက်ဝင်ပစ္စည်း အမျိုးတစ်ရာကျော်ကို အတူတကွ ယှဉ်တွဲပြီးတော့ ဆေးလုံးဖော်မြူလာတွေ ဖြစ်ပေါ်လာစေရမယ်… နောက်ဆုံးမှာ ဆေးလုံးဖော်မြူလာတွေ အများဆုံး ဖန်တီးနိုင်တဲ့သူ တစ်ယောက်က အနိုင်ရသူပဲ….." ထိုမှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်က ရှင်းပြလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now