Chapter 390

1.2K 150 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(31)

Chapter-1

(စောဒကတက်ခြင်း)

ကျောက်စိမ်းအူတိုင်ရေခဲ ကြည်လင်ခြင်းဆေးလုံးကို ဖော်စပ်ရန်အတွက် သူမက အစွမ်းကုန် ကြိုးစားနေခဲ့သော်လည်း စတင်ဖော်စပ်ပြီး မကြာမီအချိန်တွင် ရှောင်ရူယန်၏ အစီအစဉ်တကျ ဖြစ်မှုက အလွန်အမင်း ကမောက်ကမ ဖြစ်လာခဲ့ပေသည်။

ဆေးဖော်စပ်ခြင်းက စိတ်ခွန်အား အလွန်ကုန်ဆုံးစေသည့် အလုပ်တစ်ခုဖြစ်၏။ ဂရုတစိုက် လုပ်ဆောင်ရမည့် အရာများက အလွန်များပြားစွာ ရှိနေခဲ့ပေသည်။

ဤအရာက အဆင့်(3) ဆေးလုံးတစ်လုံးကို ဖော်စပ်ခြင်းသာ ဖြစ်၏။ သူ၏ယခင်အတိတ်ဘဝတွင် အဆင့်(9)ဆေးလုံးများ ဖော်စပ်ခြင်းက ဧရာမလုပ်ငန်းတစ်ခု ဖြစ်ပေသည်။ တစ်လလုံးတွင် ဆေးလုံးတစ်လုံးသာ ဖော်စပ်နိုင်ခြင်းက သာမန်ကိစ္စတစ်ခုပင် ဖြစ်၏။

သို့သော် လက်ရှိအချိန်တွင် ရှောင်ရူယန်အတွက် ကျောက်စိမ်းအူတိုင်ရေခဲ ကြည်လင်ခြင်းဆေးလုံးကို ဖော်စပ်ခြင်းက စိန်ခေါ်မှုအလွန်ကြီးမားသည့် ကိစ္စတစ်ခုဖြစ်သည်။

ဤနေရာရှိလူတိုင်းက ထူးချွန်သူများဖြစ်ကြ၏။ တစ်ချက်ကြည့်ရုံဖြင့် ရှောင်ရူယန်၏ အခြေအနေက ကောင်းမွန်ခြင်းမရှိကြောင်း သူတို့က သိရှိနေခဲ့သည်။

"ရူယန်ဆိုတဲ့ကောင်မလေးက အရည်အချင်းရှိပေမဲ့ သူမက တော်တော်လေး ငယ်ရွယ်နေခဲ့တာကိုး….." မှော်ဆေးပညာရှင်ဘုရင် အကြီးအကဲ တစ်ယောက်က သူမ၏ ကျွမ်းကျင်မှုကို အကဲဖြတ်လိုက်၏။

"မီးကိုထိန်းချုပ်တဲ့အခါ သဘာဝစွမ်းအင်တွေကို အလွန်သိမ်မွေ့စွာနဲ့ ထိန်းချုပ်နိုင်ဖို့လိုအပ်တယ်… အဲဒါက တစ်ရက်တည်းနဲ့ ကြိုးစားယူလို့မရဘူးလေ… ရူယန်ဆိုတဲ့ ကောင်မလေးက ဒီအဆင့်အထိ စွမ်းဆောင်နိုင်ဖို့ဆိုတာ သိပ်မလွယ်ဘူး….."

"ဟုတ်တယ်… မီးကိုထိန်းချုပ်တဲ့လမ်းက ဖြတ်လမ်းမရှိဘူး… တစ်စုံတစ်ယောက်က လေ့ကျင့်မှုတွေ အများအပြား ပြုလုပ်ခဲ့ပြီးမှ ကျွမ်းကျင်တဲ့အဆင့်ကို ရောက်လာနိုင်မယ်… ထုံယုံရွှေက သူမထက် နှစ်အနည်းငယ်ပိုကြီးတယ်… ဒီနေရာမှာတော့ သူက သူမထက် ပိုပြီးကောင်းအောင် စွမ်းဆောင်ပြနိုင်လိမ့်မယ်…."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now