Chapter 394

1.2K 162 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၃၁ )

Chapter-5

(စံနမူနာအဖြေ)

"ဟားဟားဟား… ဂျိချင်ရဲ့အဖြေတွေကို မင်းတို့အားလုံး ကြည့်လိုက်ကြဦး… ဒိုင်လူကြီးတွေရဲ့ အဖြေထက် အများကြီး ပိုရှည်နေတာနဲ့ တူတယ်….."

"သူကဘာလို့ အံ့အားသင့်စရာ ကောင်းနေရတာလဲ… အကြီးအကဲခုနှစ်ယောက်ရဲ့ အဖြေထဲက အမှားကို ထောက်ပြနိုင်ခဲ့တယ်ဆိုတော့ သူ့ရဲ့အဆင့်က အကြီးအကဲခုနှစ်ယောက် အတူပေါင်းလိုက်တာထက် ပိုပြီးမြင့်မားနေတာ ပုံမှန်ပဲလေ… သူ့ရဲ့အဖြေက ပုံမှန်အားဖြင့် ရှည်လျားနေတယ်လေ….."

"ထွီ… မင်းကတော်တော်  ဆိုးရွားတာပဲ… ဒါပေမဲ့ ဒီကောင်လေးက တကယ်ပဲ လူအများကို ပေါက်တတ်ကရတွေ လုပ်ချင်သလိုလုပ်ပြီး သူက ဉာဏ်ရည်မမီတဲ့ လူတစ်ယောက်ဆိုတာ အခြားသူတွေ မသိမှာကို စိုးရိမ်နေတာပဲ….."

အလင်းကန့်လန့်ကာပေါ်တွင် သိပ်သည်းစွာ ပြည့်နှက်နေသော အဖြေများကို မြင်သော် လူတိုင်းက ယီယွမ်ကို လှောင်ပြောင်နေခဲ့ကြသည်။

စာဖြေသူတစ်ယောက်၏ အဖြေက စံနမူနာအဖြေထက် ပိုမိုများပြားနေခဲ့၏။ ဤအရာက ရယ်စရာကောင်းနေခဲ့သည်။

သူ့ကိုယ်သူ မှော်ဆေးပညာရှင်ဘုရင် ထူးချွန်သူခုနှစ်ယောက်ထက် အစွမ်းထက်နေမယ်လို့ တကယ်ထင်နေတာလား…..

တစ်ချိန်လုံး မျက်လုံးမှိတ်ထားခဲ့သော ဧကရာဇ် ကြယ်တာရာချောက်၏ မျက်လုံးများက အနည်းငယ်ပွင့်လာခဲ့ပြီး အလင်းကန့်လန့်ကာကို ကြည့်နေခဲ့သော သူ၏မျက်လုံးများတွင် အလင်းရောင်များ တောက်ပနေခဲ့ပေ၏။

"ဘာမှားနေလို့လဲ အကြီးအကဲယန်… ဘာလို့ရလဒ်တွေကို မထုတ်ပြန်သေးတာလဲ….." ယန်ရှို့က မှင်တက်နေသည်ကို မြင်သော် မှော်ဆေးပညာရှင်ဘုရင် တစ်ယောက်က  ကူရာကယ်ရာမဲ့စွာဖြင့် တိုက်တွန်းလိုက်သည်။

သူက အလင်းကန့်လန့်ကာရှိ အကြောင်းအရာများကို အကြည့်တစ်ချက်
ကြည့်လိုက်သော်လည်း လုံးဝပင် စိတ်မပါလက်မပါ ရှိနေခဲ့၏။ မဖြစ်နိုင်စရာ ကိစ္စများကလည်း အကန့်အသတ်တစ်ခု ရှိပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now