Chapter 396

1.2K 149 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၃၁ )

Chapter-7

(ပေါက်ကွဲမှုမြင့်တက်ခြင်းနဂါး ဆေးလုံး)

လူအများ၏ စကားပြောသံများ ဆူညံလာခဲ့သည်။

အနိုင်ရရှိသွားသော အသံက ထုံယုံချန်၏ရင်ဘတ်ကို တူကြီးတစ်လက်သဖွယ် ထိခတ်သွားခဲ့ပြီး သူက အောင့်သက်သက် ခံစားလိုက်ရ၏။

အားလုံးမှန်ကန်တယ်….

အဲဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…..

ယီယွမ်က အဲဒီဆေးလုံး ၁၀မျိုးစလုံးရဲ့ ဆေးဖော်စပ်နည်း အပြည့်အစုံကို သိရှိနေတာများ ဖြစ်နေမလား…..

အဲဒီလိုမဟုတ်ဘူးဆိုရင် သူက ဆေးလုံးအားလုံးရဲ့ ဖွဲ့စည်းပုံကိုလေ့လာနိုင်ဖို့ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ…..

ထုံယုံချန်၏စိတ်က ကစဥ့်ကလျားနှင့် ရှုပ်ထွေးနေခဲ့ပြီဖြစ်သည်။ ယီယွမ်က ယနေ့တွင် အလွန့်အလွန် ကောင်းမွန်သောပုံစံဖြင့် အဆင့်နှစ်ဆင့်ကို တစ်ဆက်တည်း အနိုင်ရခဲ့၏။ ဤအရာက သူ့အတွက် ကြီးမားသောထိုးနှက်ချက် တစ်ခု ဖြစ်ပေသည်။

သူက ထုံမိသားစု၏ နံပါတ်တစ်ဂျီးနီးယပ်ဖြစ်ပြီး ဂျုနီယာမျိုးဆက်တွင် ဒဏ္ဍာရီလာ အဆင့်အတန်းရှိသူ တစ်ယောက်လည်းဖြစ်၏။

ယခု သူက
အနိုင်မယူနိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ရမှုကို သူက လက်သင့်ခံနိုင်စွမ်း မရှိခဲ့ပေ။

သူက ရေတွက်၍မရနိုင်သည့် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး သူ၏ ဦးနှောက် ပျက်လုမတတ် စဉ်းစားခဲ့ရသည့် အဖြေများမှာ အဖြေမှန်နှင့် နီးစပ်ခြင်းပင် မရှိပေ။

ထို့ပြင် အစမှအဆုံးအထိ ယီယွမ်က မေးခွန်းများကိုပင် မကြည့်ခဲ့ဘဲ အဖြေများကို ချက်ချင်း ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ဤသို့အနိုင်ရရှိမှုက အလွန်ထူးဆန်းပြီး ထိုးနှက်ချက် အလွန်ကြီးမားသည့် ရိုက်ချက်တစ်ခုလည်း ဖြစ်ပေ၏။

သို့သော် ဤအခိုက်အတန့်တွင် ယန်ရှို့က ဖြည်းဖြည်းချင်း ပြောဆိုလိုက်သည်။ "ဒီရလဒ်ကို လူတိုင်းက သံသယဝင်နေမယ်ဆိုတာ ငါသိပါတယ်… ဒါကြောင့် အခုဆေးလုံး၁၀မျိုးနဲ့ ကျောက်စိမ်းပြားနှစ်ခုက စည်းပိတ်လိုက်ဖို့ အမိန့်ပေးလိုက်ပြီ… သံသယရှိတဲ့သူ ဘယ်သူမဆို အရှင်လေအင်ပါယာဆီ သွားပြီး စည်းပိတ်ထားတာကို ဖွင့်ပေးဖို့ တောင်းဆိုလို့ရတယ်… ဒါမှမဟုတ် မှော်ဆေးပညာရှင် အစည်းအရုံးထံ လုံလောက်တဲ့ တန်ဖိုးကို ပေးအပ်ပြီး ကြည့်ရှုလို့ရတယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now