Chapter 398

1.3K 162 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၃၁ )

Chapter-9

(ယနေ့ပြီးနောက်)

ဆေးလုံး၏သင်းရနံ့က ခန်းမတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ ယီယွမ်ဖော်စပ်ခဲ့သော ဆေးလုံးက သေချာပေါက်ပင် အံ့မခန်းဖြစ်ကြောင်း လူတိုင်း သိရှိခဲ့ပေ၏။

ထုံယုံချန်၏ စကားများကိုမူ လူတိုင်းက ချက်ချင်းပင် အပြစ်မယူဘဲ ခွင့်လွှတ်ပေးလိုက်ကြသည်။ ဤအချိန်တွင် မည်သူကမှ ထုံယုံချန်အား ဂရုစိုက်ခြင်း မရှိတော့ပေ။

"အကြီးအကဲယန်… လျှို့ဝှက်ဆန်းကြယ်မှုကို မြန်မြန်ဖော်ထုတ်ပြပါတော့… ကျုပ်နောက်ထပ် ထပ်ပြီး မစောင့်နိုင်တော့ဘူး….."

"ဟုတ်တယ်… ဒီပေါက်ကွဲမှုမြင့်တက်ခြင်းနဂါး ဆေးလုံးကို တကယ်လို့ မှော်ဆေးပညာရှင်ဘုရင် တစ်ယောက်က လာရောက်ဖော်စပ်ခဲ့မယ် ဆိုရင်တောင် သူတို့က အချိန်တိုင်း အဆင့်မြင့်အဆင့်ကို ဖော်စပ်နိုင်လိမ့်မယ်လို့ အာမမခံနိုင်ကြဘူး… ပို၍အဆင့်မြင့်သောအဆင့် ဆေးလုံးကိုတော့ ထည့်မတွက်တော့နဲ့….."

"ပေါက်ကွဲမှုမြင့်တက်ခြင်းနဂါး ဆေးလုံးက ပို၍အဆင့်မြင့်သောအဆင့် နေရာမှာ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ခံစားချက်တစ်ခု ရှိနေတယ်… ဘုရားရေ… အဆင့်အမြင့်ဆုံးအဆင့် ပေါက်ကွဲမှုမြင့်တက်ခြင်းနဂါး ဆေးလုံးပဲ… ငါ့မျက်လုံးတွေကိုတောင် ငါမယုံနိုင်တော့ဘူး….."

ထုံယုံချန်က စိတ်ရှုပ်နေခဲ့ပုံ ပေါ်နေခဲ့၏။ သို့သော်သူက လူတိုင်း၏စကားများကို ကြားလိုက်ရသောအခါ နောက်ဆုံးတွင် အနည်းငယ် နားလည်သွားခဲ့ပြီဖြစ်သည်။

အနည်းဆုံးအနေဖြင့် သူက လူအများ၏အာရုံထဲတွင် သူ့အကြောင်း မရှိတော့ကြောင်း သိရှိသွားခဲ့၏။

ဂျိချင်… သူ… သူက...
ဘာလုပ်လိုက်တာလဲ…..

ယန်ရှို့က ယီယွမ်၏ ဆေးလုံးကို ဘယ်တစ်လှည့် ညာတစ်လှည့် ကြည့်နေခဲ့သည်။ သူကပို၍ ကြည့်မိလာလေလေ ထိုအရာနှင့် ခွဲခွာနိုင်ရန် ခက်ခဲလာလေ ဖြစ်ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now