Ep-27

1K 97 0
                                    


♥Unicode♥

OMG... ဘုရားရေ အမြင်များမှားနေသလား မျက်လုံးတွေကိုလက်နှစ်ဖက်နဲ့ပွတ်သပ်ပြီး ပြူးပြဲကြည့်မိသည်အထိ ပါးစပ်အဟောင်းသား....

ဘေးက​ Tae နဲ့​ လူကြီးတွေကိုကြည့်တော့လဲ တအံ့တသြနဲ့ ပြုံးပြုံးကြီးတွေကြည့်လို့.....​

မှိုရတဲ့မျက်နှာကြီးနဲ့ပြုံးဖီးပြီး Restaurant ထဲကိုခြေလှမ်းကျဲကြီးနဲ့လှမ်းလာသော Min Yoon Gi.... ကျွန်တော်တို့တင်မျက်လုံးပြူးကြီးနဲ့ငေးနေတာမဟုတ်ဘူးနော်​ တစ်ဆိုင်လုံးရဲ့မျက်လုံးတွေကသူ့ဆီမှာ....

ဘယ့်နှယ့်... တစ်သက်နဲ့တစ်ကိုယ် ဒီအစ်ကိုတစ်ယောက်​ နွားသိုးကြိုးပြတ် အိန္ဒြေမဆည်နိုင်ဖြစ်နေတာကြီး ခုမှမြင်ဖူးတာ.... Jiji ကိုပွေ့လာတာများ.....​ဟင်း.... ခုမှရည်းစားစထားဖူးတဲ့သူငယ်နာမစင်တဲ့ကလေးကျနေတာပဲ.... အထူးအဆန်းဝိုင်းကြည့်နေကြတာကောသတိထားမိရဲ့လားမသိ.... နှစ်ယောက်တစ်ကမ္ဘာ​တည်နေတာကြီးကလေ.....

"သား​ရယ်.... Omma ကသားတို့ပြန်သွားပြီတောင်ထင်တာ"​

အမလေး.... အဖြစ်သည်းနေချက်.... Omma ပြောတာတောင်ပြန်ဖြေမအားဘဲ Jiji​ ကိုခုံပေါ်တင်ပေးပြီး

"ကလေးဘာစားချင်လဲ ကိုယ်သွားယူပေးမယ်"​

အမလေး ကလေးတဲ့.... ဘယ်အချိန်ကများ ဒီလိုသည်းသည်းလှုပ်သွားတာလဲ... ငါ့နှယ်နော်... ခုမှလတ်လတ်ဆတ်ဆတ်မင်္ဂလာဆောင်ထားရတဲ့လူကဘာမှမဖြစ်ရဘူး.... သူတို့က.... ဟင်း.... ထပြီး တိုင်နဲ့ခေါင်းနဲ့ ပြေးဆောင့်ပြီးသာ သေချင်တော့တယ်

"ရတယ်... Oppa​ ကြိုက်တာမှာလိုက်"

Jiji မကတော့.....​အဟင်း.....​သူ့တို့ကိုကြည့်ရင်း စိတ်ထဲကလိကလိနဲ့ ပြောချင်တာဆိုတာကိုလေ မနည်းပါးစပ်ပိတ်ထားရတယ်

"အဟမ်း.... လူကြီးတွေရှိတာလဲသတိထားကြဦး"​

ချောင်းဟန့်လိုက်ပြီး အံကြိတ်ပြောလိုက်သော်လည်း ဘေးလူတွေကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်.... ဂရုမစိုက်ဘဲ.... သဲသဲလှုပ်ချစ်ပြနေလိုက်ကြတာ FA​ တွေမြင်ရင်သေချင်စိတ်ပါပေါက်သွားမယ်...။

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now