မုန်းသည်ထက့်ပိုသော Ep-1

47.3K 1.6K 45
                                    

နွေဦးရာသီ၏ နေရောင်ခြည်ထွက်ခါစ သာယာလွတဲ့ မနက်ခင်း ၆ နာရီခွဲအချိန်၌

"သား သားလေး ရိပေါ်လေး ထတော့နော် "

"ဟုတ်ကဲ့ မာမား "

မားနှိုးတာနဲ့ ချက်ချင်းထကာ မားပါးလေးကို တစ်ချက် နမ်းပြီး ရေချိုးခန်းထဲဝင်သွားပါသော CEO ဝမ်..

Company သွားဖို့ ပြင်ဆင်ပြီးတာနဲ့ အောက်ထပ်ကို ဆင်းလာတော့ ထမင်းစားခန်းဝယ် ပါးနဲ့ မားက အရင်ရောက်နေလေရဲ့...

"ပါး မား morning "

"Morning သားလေး အိပ်လို့ပျော်ရဲ့လား"

"ဟုတ်ပါး ပါးရော....."

"ချစ်ရတဲ့ သားရော မိန်းမရော ရှိနေတာ ပါးက အိပ်မပျော်နိုင်စရာ အကြောင်းမရှိပါဘူး သားရဲ့.... ဒါနဲ့ company အလုပ်တွေရော ဘယ်လိုလဲ "

"အားလုံး အဆင်ပြေတယ် ပါး သားက ဘယ်သူမလို့လဲ ပါးရဲ့ သားပါနော်...."

"ကဲ ဒီသားဖေတွေ မနက်စာစားကြတော့ ပြီးရင် ရုံးသွားရမှာကို..."

"ဟုတ် မား...."

ဝမ်ရိပေါ်ဆိုတာ ၂၂နှစ်အရွယ်ကောင်လေးက စီးပွားရေးလုပ်ငန်းတွေအားလုံးရဲ့ ဘုရင်တစ်ပါး...

တက္ကသိုလ်ကျောင်းသားဘဝထဲက မိဘတွေရဲ့ အလုပ်မှာ ဝင်လုပ်ပြီ သင်ယူနေခဲ့တာ

ငယ်ငယ်လေးတည်းက ထက်မြက်တော့ ကျောင်းပြီးတာ ခြောက်လရှိသေးတယ် ပါးက CEO ရာထူးကို လွှဲပေးပြီး နောက်ကွယ်ကနေပဲ ကူညီလမ်းညွှန်ပေးခဲ့သည်

ပါးနဲ့မားရဲ့ အချစ်တွေအကုန်ရရှိထားတဲ့ ဝမ်ရိပေါ်က ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတယ်...

အလုပ်နဲ့ ပတ်သက်ရင် မိသားစုနဲ့ ပတ်သက်လာရင်တော့ မြူမှုန်လောက်တောင် ခွင့်မလွှတ်နိုင်သူ....

ဝန်ထမ်းတွေ အပေါ်မှာ စာနာနားလည်တယ် အခက်အခဲရှိရင် လာပြော ကူညီပေးတယ် သစ္စာဖောက်တာကို သေလောက်အောင်မုန်းတယ်....

သစ္စာဖောက်ခံရရင် သူခံရတာထက် ဆယ်ဆလောက် ပြန်ခံရအောင် လုပ်တတ်သူ...

မနက်စာစားပြီးတာနဲ့ company စီသို့ ....

နေစဉ်လုပ်ငန်းတွေက သူ့ကို ပျော်ရွှင်စေတယ်....

မုန်းသည်ထက့်ပိုသော (မုန်းသည်ထက့်ပိုသော) (Completed) (Zawgyi Unicode)  Where stories live. Discover now