အခန်း(၁)အရှင့်သားကိုတွေ့ခွင့်ရခြင်း

21.9K 1.5K 54
                                        

UNICODE

အချိန်က ကုန်းဘောင် ခေတ်ဦးပိုင်း။

ဥဒိဿ တိုင်းပြည်၏ နန်းတော်ထဲတွင် ဖြစ်သည်။

နန်းကျမင်းသား၏ နန်းဆောင်ထဲတွင် ဆူညံသံများ ထွက်ပေါ် လာလေသည်။

နန်းဆောင်ရှေ့တွင် သွားလာနေကြသော မောင်းမ မိဿံများသည် အထဲမှ အသံများကြောင့် သွားလက်စ လမ်းကို ရပ်ကာ အခြေအနေကို အကဲခတ် ကြည့်ကြသည်။

သစ်သား ရေပုံးနှစ်ပုံးကို ပုခုံးတွင် ထမ်းပိုးလာသော လူငယ်တစ်ယောက်သည်လည်း ထိုနေရာကို ရောက်ရှိလာသည်။

လူငယ်သည် ရိုးရှင်းသော ဖျင်ထည်ဝတ်စုံကိုသာ ဝတ်ဆင်ထားခြင်း ဖြစ်သော်လည်း သူ့အသွင်က နုံချာ၍ မနေ။

ယောက်ျားပီသ၍ ခန့်ညားသော ရုပ်သွင်နှင့် တောင့်တင်းသော ကာယအလှက သူ့ကို လူချော၊ လူရည်သန့် တစ်ယောက် အသွင် ဖော်ဆောင်ပေး၏။ နေလောင်ထား၍ ပျားရည်ရောင် သမ်းနေသော အသားအရည်သည် တည်တန့်သော မျက်နှာထားနဲ့ လိုက်ဖက်ကာ တည်ကြည်ထက်မြတ်သော ယောကျ်ားတစ်ယောက် အသွင် ပေါ်လွင်စေသည်။

သက္က ဟု အမည်ရသော ထိုလူငယ်သည် မောင်းမများ၏ အရိပ်အခြေကို တွေ့သောအခါ ဒီနေရာတွင် တစ်ခုခု ဖြစ်နေပြီဟု သိလိုက်လေသည်။ လူအများ အာရုံစိုက်နေရာ နန်းကျမင်းသား အဆောင်ကို သူ ကြည့်လိုက်သည်။

တံခါးအပြင်မှာ အနီရောင် ဝတ်စုံနှင့် နန်းဆောင်စောင့် နှစ်ယောက် ရပ်နေသည်။ ၎င်းတို့အပြင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓါးရှည်ကို ခါးတွင် ချိတ်ဆွဲထားသော လူနှစ်ယောက်ကိုလည်း တံခါးဝမှာ တွေ့ရသည်။ ထိုလူ နှစ်ယောက်သည် ဘုရင့် ကိုယ်ရံတော်များ ဖြစ်ကြသည်။

ထိုအချိန်တွင် ကျယ်လောင်သော တွန်းတိုက်သံ နှင့်အတူ အခန်းတံခါး ပွင့်ဟလာပြီး အဆောင်ထဲမှ လူနှစ်ယောက် အပြင်ကို ထွက်လာကြသည်။

လူနှစ်ယောက် ထွက်လာသည် ဆိုသော်လည်း နှစ်ယောက် အတူ လျှောက်လာ ကြခြင်း မဟုတ်။ တစ်ယောက်က နောက်တစ်ယောက်ကို ဆံပင် အရင်းမှ ကိုင်ပြီး ဆောင့်ဆွဲ ခေါ်လာခြင်း ဖြစ်သည်။

နန်းကျမင်းသားTahanan ng mga kuwento. Tumuklas ngayon