.. ၁၂၅ ..
15.8K 1.7K 121
《Zawgyi》
အပိုင်း - ၁၂၅
[သူ့ဘဝထက် ပိုအရေးကြီးသော]
"ညီမလေးကိုယ် ညီမလေး အဲ့လောက်ကြီးလဲ အပြစ်တင်မနေပါနဲ့ .. ဒီဖြစ်ရပ်က သူကြုံတွေ့ရမှာလည်း ဖြစ်ချင် ဖြစ်နေနိုင်တာပဲလေ"
"မဟုတ်ဘူး မဟုတ်ဘူး .. သူက အဆုံးသတ်အထိ လုံခြုံနေရမှာ ... သူ ဒီလိုမျိုး ကြုံတွေ့ရဖို့မှ မလိုတာ!"
"သူ အဆုံးသတ်အထိ လုံခြုံဘေးကင်းမယ် ဆိုရင်လည်း ညီမလေးက ပိုလို့တောင် မစိုးရိမ်ပဲနေရမှာလေ ..  သူ အဆင်ပြေသွားမှာပါ" ချင်းကွမ်းချန်က ဆက်ပြောချင်ပေမယ့် ရပ်လိုက်သည်။ သူ့ညီမလေးက အရမ်းကြီး အစိုးရိမ်လွန်နေတာဖြစ်ကြောင်း သူ မပြောပြချင်ပေ။
ချင်းစုယွဲ့ ဆေးရုံသို့ ရောက်ရှိသွားချိန်မှာ ချန်းမိသားစု အကြီးအကဲတွေက သူမကို ဆူပူကြမှာ ကြောက်ရွံ့မိပေမယ့် ဘိုးဘိုးချန်းက သူမအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လျက် တခြား ဘာမှတော့ မပြောချေ။ အစထဲက ဘိုးဘိုးချန်းက သူမအား စိတ်ပါဝင်စား သိပ်ရှိလှတာတော့ မဟုတ်ပေ။ သူက တစ်ချိန်လုံး ချင်းစုယွဲ့၏ တည်ရှိမှုအား လျစ်လျူရှုခဲ့လေတာ ဖြစ်သည်။
ချင်းစုယွဲ့မှာ ဆေးရုံကော်ရစ်တာ၌ တစ်ယောက်ထဲ ထိုင်နေ၏။ သူမ နာရီ အတော်ကြာ စောင့်ဆိုင်းခဲ့ပေမယ့် ချန်းစီနျန်ကတော့ အခုထိ သတိမရလာသေးပေ။
ချင်းစုယွဲ့၏ ပါပါး ချင်းကျင့်နှင့် ကျန်တဲ့သူတွေဟာ ဆေးရုံသို့ ရောက်ရှိလာသည်။ သူတို့ဟာ ချန်းမိသားစု အကြီးအကဲတွေနှင့် စကား နည်းနည်းပါးပါး ပြောဆိုပြီးတော့ သူ့ သမီးလေးအား ကြည့်လိုက်ပြီး အသံတည်တည်ဖြင့် ပြောသည်။ "သမီး ဒီမှာ စောင့်မနေရင်လည်း သူ ချက်ချင်းကြီးတော့ သတိရလာသေးမှာ မဟုတ်ဘူး ... ဆရာဝန်ကတော့ သူ့အခြေအနေက မစိုးရိမ်ရဘူးလို့ပြောတယ် သိပ်မကြာခင်မှာ သတိရလာလိမ့်မယ်တဲ့"
"စုယွဲ့ .. မစိုးရိမ်ပါနဲ့ မာမားက သမီး ဒဏ်ရာရထားတာတွေကို စစ်ဆေးကုသဖို့ ခေါ်သွားပေးမယ်နော်"
ချင်းစုယွဲ့မှာ သူမ ခန္ဓာကိုယ်တွင်လည်း ဘယ်လိုတောင် ထိခိုက်ဒဏ်ရာတို့ဖြင့် ပြည့်နေသည်အား မေ့လျော့နေခဲ့ပုံပင်။ ချင်းကွမ်းချန်က ချင်းစုယွဲ့ရဲ့ ဒဏ်ရာတွေကို စစ်ဆေးကုသဖို့ အကြံပြုခဲ့တုန်းက သူမက ချန်းစီနျန်အား လုံးဝကို မထားရစ်ခဲ့ချင်ပေ။ အခု သူ့ဘေးမှာ လူပေါင်းများစွာ ဝန်းရံနေကြသည်အား ချင်းစုယွဲ့ တွေ့နေရတော့ ကြည့်ရတာ သူမကသာ ထွက်သွားသင့်သည့်သူ ထင်ပါသည်။