Part 15 (Unicode)

16.6K 2.2K 74
                                    

လမ်းတစ်လျှောက်လုံး စကားမပြောဘဲ စူပုပ်နေသည့် ညီမဖြစ်သူကိုကြည့်ရင်း ဒါမီဒယ်မှာ ရယ်ချင်နေသည်။ ဒါပေမဲ့ မရယ်ရဲ။ ညီမငယ်သည် ဘေးမှာရှိနေသည့် အားရီးယူးစ်ထက် စိတ်ထက်ကာ စိတ်ကောက် စိတ်ဆိုးလွယ်သည်။ အမျိုးသမီးများကို ကလေးမွေးဖွားရန်အတွက်သာဟု အကြမ်းဖျင်း သတ်မှတ်ထားသည့် ယောက်ျားဝါဒီကြီးစိုးသော ရောမခေတ်ကာလတွင် ညီမဖြစ်သူ ဒီဒီရာလေးကတော့ ခြွင်းချက်ဖြစ်သည်။ သူမ အလိုမကျလျှင် ဒါမီဒယ် အပါအဝင် တစ်အိမ်လုံး မနေနိုင်ကြ။ သူမ ရယ်ပြုံးနေလျှင်တော့ အိမ်၏ ဆည်းလည်းလေးပမာ အားလုံးပျော်ရွှင်ကြရသည်။

သေးငယ်သော်လည်း ကိုယ်နေဟန်ထား လှပလွန်းသည့် ဒီဒီရာလေးသည် ဆောင်းရာသီ၏ နှင်းနတ်သမီးလေးလို လှပနေသည်။ ညိုသောအသားအရည်သည် ဝင်းနေအောင်လှသည်။ အောက်နားစတွင် ဇကာဖောက်ထားပြီး ရွှေချည်မျှင်အစစ်များဖြင့် ပန်းပွင့်ပုံဖော်ကာ ချုပ်လုပ်ထားသည့် တန်ဖိုးကြီးလှသော အဖိုးတန် ခရမ်းနုရောင် ပိုးသားဝတ်ရုံကြောင့် ပိုပြီး ကြည့်မဝနိုင်လောက်အောင်။ မျက်လုံးနှစ်လုံးနေရာတွင် အဖိုးတန်မြကျောက်ငယ်များ မြှုပ်နှံထားသော ခွေလိပ်နေဟန် မြွေလက်ပတ်သည် ဝင်းမို့သော လက်မောင်းထက်တွင် နေရာယူထားသည်။

မနက်အစောကြီးထကာ လှသည်ထက်လှအောင် ပြင်ဆင်မွမ်းမံခဲ့သော မျက်နှာလေးသည် အခုတော့ ညိုနေသည်။ ဘာလို့လဲဆိုတဲ့ အဖြေကို ဒါမီဒယ် ကောင်းကောင်းသိသည်။ လုလိယက်စ်နှင့် မြင်းလှည်းတစ်စီးတည်းစီးကာ ခရီးသွားရမည်ထင်နေသည်ကို မသွားရသဖြင့် စိတ်ကောက်နေခြင်းဖြစ်သည်။ ပိုဆိုးသည်က အားရီးယူးစ်ကလည်း တစ်လမ်းလုံး အားမနာတမ်း စနောက်နေသည်။

"ဘယ်လိုလဲ ကလေးမ။ နင့်မျက်နှာက အိုလှချည်လား။"

"နင့်လောက်တော့မအိုဘူး။"

အားရီးယူးစ်၏ အပြောကို ဒီဒီရာက ချက်ချင်း ပြန်ဖြေသည်။ အထက်တန်းလွှာ အမျိုးသမီးများလို ဟန်ဆောင်အပြုံးတွေ၊ အလိုလိုက်အကြိုက်ဆောင်သည့် စကားချိုချိုတွေမဟုတ်။ တောရိုင်းပန်းပွင့်ငယ်လေးလို အရိုင်းဆန်သည့် ညီမငယ်ကို သဘောကျသည်။ အစအနောက်သန်လွန်းသည့် အားရီးယူးစ်ကို ဒါမီဒယ် အပြစ်မတင်မိ။ ညီမ၏ ဆိုးနွဲ့မှုဒဏ်ကို အပြုံးမပျက်ခံနိုင်၍ ချီးကျူးမိသည်။ အားရီးယူးစ်သည် အပျော်အပါးမက်ကာ လွတ်လပ်စွာ နေတတ်ပေမယ့် ခင်မင်စရာကောင်းသည့် လူတစ်ယောက်ဖြစ်သည်။

ထာ၀ရ ပုံပေWhere stories live. Discover now